ငါးအုန်းနို့ ချိုဆိမ့်စပ်



ပထမ ငါးကြော် အပေါ်ဆမ်းမည့် အရည်လေး စချက်ရပါမည်။

ငါးကြော် အပေါ်မှာ ဆမ်းသည့် အရည်ကို ဗူးထဲထည့်ပြီး frozen လုပ်ထားလျှင် တစ်လလောက် ခံပါ သည်။ နောက်တစ်ခါ အသုံးချမည့် အချိန် အရည်ပြန်ဖျော်ပြီး ဆူလာလျှင် အရွက်တွေထည့်ကာ ငါးကြော်ပေါ် ဆမ်းစားရုံပဲ ဖြစ်၍ အချိန်ကုန် သက်သာ စေသောကြောင့် ကျွန်မက အမြဲ ၂ ပွဲစာ ချက်တတ်ပါတယ်။။ ၂ ပွဲစာ မချက်ချင်ပါက အောက်မှာ ပြထားသည့် အရည်ချက်ရာမှာ ပါဝင်သည်များကို တစ်ဝက်ဆီ လျှော့ပြီး ချက်နိုင် ပါတယ်ရှင်။

***... အရည်ချက်ရန် လိုအပ်တာလေးတွေ...

1. ဆီ – ထမင်းစားဇွန်း ၃ ဇွန်း
2. red curry paste – ထမင်းစားဇွန်း ၂ ဇွန်း
3. coconut milk (အုန်းနို့) – 400 ml
4. sweet chilli paste – ထမင်းစားဇွန်း ၂ ဇွန်းခွဲ
5. sweet chilli paste oil – ထမင်းစားဇွန်း ၁ ဇွန်း (sweet chilli paste ဘူးထဲမှ ဆီ)
6. fish sauce – ထမင်းစားဇွန်း ၂ ဇွန်း
7. သကြား – ထမင်းစားဇွန်း ၂ ဇွန်း
8. ဟင်းချိုမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက် (ဟင်းချိုမှုန့် ဖြင့်ချက်လျှင် ပိုကောင်းပေမယ့် မစားရဲလျှင် သကြား (ထမင်းစားဇွန်း ၁ ဇွန်းခန့်) ပိုထည့်ပေးပါ။)

အိုးတစ်လုံးတွင် ဆီ ထည့်ကာ low heat ဖြင့် အပူပေးပါ။

ဆီအနည်းငယ်ပူလာလျှင် red curry paste ထည့်ကာ ၁ မိနစ်ခန့် ဆီသတ်ပါ။ (အရမ်းပေါက်ကာ အတူးမြန်သဖြင့် ဇွန်းရှည်ရှည်သုံး၍ မြန်မြန်မွှေပေးပါ။)

Coconut milk ကိုလောင်းထည့်ပါ။ (medium heat သို့မြှင့်လိုက်ပါ။)

Coconut milk ဆူလာလျှင် sweet chilli paste, sweet chilli paste oil, fish sauce, သကြား နှင့် ဟင်းချိုမှုန်.ကို ထည့်ကာ sweet chilli paste များ ကြေသွားအောင်ချေပေးပါ။

၇ မိနစ်ခန့် ဆက်တည်ပြီးလျှင် အရည်ကျက်ပါပြီ။

၂ ပွဲစာချက်ထားလျှင် သိမ်းရန်အတွက် တစ်ဝက်ကိုခွဲထုတ်ထားလိုက်ပါ။

***... ငါးကြော်ရအောင်…

တလားဗီးရားငါး ၁ ကောင်ကို အကြေးခွံထိုးပြီး အတွင်းမှ ကလီစာများကို ဖယ်ထုတ်ထားပါ။ (ခေါင်းကြိုက်လျှင် မဖြတ်ပါနှင့်။)

တဖက်ကို ဓါးနှင့် ၅ ချက်ခန့် မွှန်းကာ အရသာမှုန့်(လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ) ဖြင့် နယ်ထားပါ။

High Heat ဖြင့် အပူပေးထားသော ဆီပူလာလျှင် ငါးကိုထည့်ကာ ကြွပ်လာအောင်ကြော်ပေးပါ။

***... တစ်ဝက်ခွဲထားသည့် ဟင်းအရည်ထဲ ထည့်ချက်ရန် လိုအပ်သည့် အသီးအရွက်လေးတွေ …

1. လက်ညှိုးအရွယ် လှီးထားသော red capsicum – အနည်းငယ်
2. လက်ညိုးအရွယ် လှီးထားသော ကြက်သွန်နီ – အနည်းငယ်
3. ခပ်စောင်းစောင်း လှီးထားသော ပဲသီး – အနည်းငယ်
4. ရှောက်ရွက် – ၃ ရွက်
5. နှစ်ခြမ်းဖြတ်ထားသော ငရုတ်သီးစိမ်း – ၅ တောင့်

အားလုံးကို တစ်ဝက်ခွဲထားသည့် ဟင်းရည်ဆူဆူထဲ ထည့်ကာ အိုးအဖုံး မဖုံးပဲ ၂ မိနစ်ခန်. ဆက်တည်ထားပါ။

ပြီးလျှင် ငါးကြော်လေးပေါ်ဖြန်.ပြီးလောင်းချလိုက်လျှင် အရသာရှိလှသော ငါးအုန်းနို့ ချိုဆိမ့်စပ် လေး စားရန်အသင့်ဖြစ်ပါပြီ။


ref;Chaw Su's Food Friends
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...