ကမ္ဘာ့ ဈေးအကြီးဆုံး ရေလွှာလှိုင်းစီး ပျဉ်ချပ်ရှည်

အေသင်အောင် 
နယူးဇီလန် နိုင်ငံသား ဂျွိုင်းစတူးအပ် တီထွင် ထုတ်လုပ်ခဲ့တဲ့ ရေလွှာလှိုင်းစီး ပျဉ်ချပ်ရှည် (Surfboard) ဟာ ကမ္ဘာ့ ဈေးအကြီးဆုံး အဖြစ် မှတ်တမ်းဝင် သွားခဲ့ပါတယ်။ သစ်သားနဲ့ ပြုလုပ် ထားတဲ့ ရေလွှာလှိုင်းစီး ပျဉ်ချပ်ရှည်ဟာ ထူးခြားတဲ့ ပုံစံကြာင့် စိတ်ဝင်းစားစရာ ဖြစ်ခဲ့ပါတယ်။ ရေလွှာ လှိုင်းစီး ပျဉ်ချပ်ရှည်မှာ (၂၃) ကာရက်ရှတဲ့ ရွှေအစစ်နဲ့ ခြင်္သေ့ပုံစံ ရေးဆွဲထားပြီး တန်ဖိုးက ဒေါ်လာ (၁ ဒသမ ၃၁) သန်းခန့် ရှိပါတယ်။ ဂျွိုင်းစတူးအပ်ဟာ ရေလွှာ လှိုင်းစီး ပျဉ်ချပ်ရှည်တွေကို ထုတ်လုပ်တဲ့ သက်တမ်းနှစ်ပေါင်း (၂၀)ကျော် အတွေ့အကြုံ ရှိထားပါတယ်။ အခုရေလွှာလှိုင်းစီး ပျဉ်ချပ်အရှည်ဟာ (၃ ဒသမ ၂) မီတာရှည်ပြီး အာရှဒေသမှာသာ ရှိတဲ့သစ်သားနဲ့ ပြုလုပ်ထား ခြင်းဖြစ်ပါတယ်။ ရေလွှာလှိုင်းစီး ပျဉ်ချပ်ရှည်မှာ ပါဝင်တဲ့ တောင်ပံပုံစံလေးကို လည်း နယူးဇီးလန်မှာ သာရှိတဲ့ သစ်သားနဲ့ ပုံဖော်ထားခြင်း ဖြစ်ပါတယ်။ ရေလွှာလှိုင်း စီးပျဉ်ချပ်ရှည်ဟာ လက်ရာ အလွန်ကောင်းမွန်ပြီး ရှားပါးသစ်တွေနဲ့ ပြုလုပ်ထားတာမို့ ဈေးကြီးသွားခြင်းဖြစ်ပါတယ်။ အသက် (၅၃)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျွိုင်းစတူးအပ်က လှိုင်းနည်းတဲ့ အချိန်မှာရော လှိုင်းထန်တဲ့ အချိန်မှာပါ အကောင်းဆုံး စီးနိုင်အောင် ပြုလုပ်ထားကြောင်း လူ့ဘ၀သည် တိုတောင်းလွန်း တာကြောင့် ဘ၀မှာ တစ်သက်တာ ရနိုင်သည့် ခံစားမှုမျိုးကို အကောင်အထည် ဖော်သင့်ကြောင်း ပြောကြား သွားခဲ့ပါတယ်။

The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...