ဆီးချိုသွေးချို ရောဂါရှင်တွေ အတွက် လူလုပ် ပန်ကရိယ

Health Updates Journal No. 124
ဘော့စတွန် တက္ကသိုလ်နဲ့ မန်ဆာချူးဆက်ဆေးရုံမှ သုတေသန ပညာရှင်တွေဟာ ဇီဝနည်းပညာနဲ့ ဖန်တီးထားတဲ့ ပန်ကရိယတု (bionic pan creas) ကိုဖန်တီးနိုင်ခဲ့ပြီး ဆီးချိုဝေဒနာရှင်တွေကို တစ်နေ့တာလုံး သွေးတွင်း အချိုဓာတ် ပုံမှန်အတိုင်း ရှိနေစေမယ်လို့ သုတေသန တစ်ရပ်မှာ ဖော်ပြထား ပါတယ်။

““အမျိုးအစား ၁ ဆီးချိုသွေးချို ရောဂါရှင်များအနေနဲ့ အဆိုပါ ပန်ကရိယတုကို တပ်ဆင်ထားမယ်ဆိုရင် သွေးတွင်းအချိုဓာတ်ကို ကုသမှုတွေ ထက်ပိုပြီး ထိန်းပေးနိုင်မှာ ဖြစ်ပါတယ်။ သွေးတွင်းအချိုဓာတ် ရုတ်တရက် ကျဆင်းသွားခြင်းကိုလည်း ၃၇% ကာကွယ်ပေးနိုင်ပြီး အင်ဆူလင်ကို ပုံမှန်နှုန်းအတိုင်း ထုတ်လွှတ်ပေးနိုင်မှာ ဖြစ်ပါတယ်””လို့ သုတေသန ခေါင်းဆောင် မန်ဆာချူးဆက်ဆေးရုံမှ ဆေးပညာပါမောက္ခ Dr.Steven Russel က ရှင်းပြခဲ့ပါတယ်။

အခုတီထွင်ထားတဲ့ ပန်ကရိယဟာ အိုင်ပေါ့ (i-pod)့ တစ်လုံးစာ အရွယ်သာရှိပြီး လူနာရဲ့ ကိုယ်ခန္ဓာထဲမှာ ထည့်သွင်းစရာမလိုဘဲ အ၀တ်အစား အိတ်ကပ်တွင်းမှာပဲ ထည့်သွင်းစရာ လိုပါတယ်။ ဒါပေမဲ့ အရေပြားအောက်ကိုတော့ အပ်ငယ်လေးနဲ့ ဖောက်ထားရပြီး အဲဒီအပ်ကလေးက တစ်ဆင့် အာရုံခံကိရိယာတွေကို သတင်းပို့ပေးမှာ ဖြစ်ပါတယ်။ သွေးတွင်းအချိုဓာတ် ကျတာ၊ တက်တာတွေဖြစ်ရင် ပန်က ရိယတုကလည်း အင်ဆူလင်ကို ထုတ်လွှတ်တဲ့ ပမာဏကို အလိုက်သင့် ထိန်းညှိပေးနိုင် မှာဖြစ်ကြောင်း New England Journal of Medicine မှာ ဖော်ပြထားပါတယ်။

ပြည့်ဖြိုး

ref;IANS
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...