ပေါက်စီ...



**... မုန့်နှစ် (Dough) အတွက်…

1. ရေကြက်သီးနွေး – 1 cup (250 ml) (လက်ထည့်ပြီးစမ်းနိုင်သော ခပ်နွေးနွေးအနေအထား)
2. သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
3. ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
4. dry yeast – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
5. ဟင်းသီးဟင်းရွက်ဆီ (Vegetable oil) – ထမင်းစားဇွန်း ၂ ဇွန်း
6. plain flour (all purpose flour) – 3 cups (750 ml)

**... ဌာပနာ (Filling) အတွက်…

1. ကြိတ်ထားသော ဝက်သား (pork mince) – ၃၀ ကျပ်သားခန်.(ကီလိုဝက်ခန်.)
2. လှီးထားသော နံနံပင် – ထမင်းစားဇွန်း ၂ ဇွန်း
3. လှီးထားသော မုန်လာဥနီ – ထမင်းစားဇွန်း ၁ ဇွန်း
4. တောက်တောက်စင်းထားသော ကြက်သွန်နီ ထမင်းစားဇွန်း ၁ ဇွန်း
5. တောက်တောက်စင်းထားသော ကြက်သွန်ဖြူ – ထမင်းစားဇွန်း ၁ ဇွန်း
6. သကြား – ထမင်းစားဇွန်း တစ်ဝက်
7. ကြက်ဥ – ၁ လုံး
8. chicken powder – ထမင်းစားဇွန်း ၁ ဇွန်း
9. ပဲငံပြာရည် အပျစ်(အချို) – ထမင်းစားဇွန်း ၁ ဇွန်း
10. ခရုဆီ – ထမင်းစားဇွန်း ၂ ဇွန်း
11. ငရုတ်ကောင်း – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
12. Cooking wine - ထမင်းစားဇွန်း ၁ ဇွန်း (မထည့်လည်းရ)
13. potato starch (or) corn starch – ထမင်းစားဇွန်း ၁ ဇွန်းခွဲ (မထည့်လည်းရ)

အားလုံးကိုရောနယ်ထား လိုက်လျှင် အစာသွပ်ရန် ဌာပနာရပါပြီ။

**... ဌာပနာ အဖြစ်အပိုထပ်ထဲ့ရမည့် အရာများ…

1. ကြက်ဥ ၃ လုံးကို ပြုတ်ပြီး ၄ စိတ်စီ စိတ်ထားပါ။
2. ဝက်အူချောင်း ၁ ချောင်းကို ရှည်ရှည်လေး ၁၂ ခုလှီးထားပါ။
3. ၂ နာရီခန်.ရေစိမ်ထားသော မှိုမဲ (shiitake mushroom) ၂ ပွင့်ကို ၁၂ ခုရအောင်လှီးထားပါ။

ရေနွေး – 1 cup (250 ml) ထဲကို သကြား၊ ဆား နှင့် dry yeast ထဲ့မွှေပါ။ ဆီ ထည့်မွှေပေးပါ။

All purpose flour – 3 cups (750 ml) ထည့်မွှေပြီး ၂၀ မိနစ်ခန့် လက်ဖြင့် နာနာ ဖိနယ်ပေးပါ။ dough လုပ်ခြင်းဖြစ်ပါသည်။ (အရမ်းစေးကပ်နေလျှင် flour အနည်းငယ် ဖြူးကာ နယ်ပေးပါ။

ပြီးလျှင်အဖုံးဖုံးပြီ ရေနွေးထည့်ထား (ရေပူမဟုတ်)သော နောက်ထပ်ဇလုံကို အောက်ကခံကာ မိနစ် ၆၀ ခန့် ထားပါ။

မိနစ် ၆၀ ခန့် ထားပြီးလျှင် အနဲငယ် ပြန်ဖိနယ်ကာ အဖုံး ဖုံး ပြီး နောက်ထပ် ၁ နာရီ ရေနွေးဇလုံအောက် ကခံကာ ထပ်ထားပါ။

၁ နာရီ ထားပြီးလျင် ထို dough ပေါ် ကို flour အနဲငယ်ဖြူးကာ ဖိနယ်ပြီးလျှင် အပြင်ခွံလုပ်ရန် မုန့်နှစ် (dough) ကိုရပါပြီ။

ညီညာသော မျက်နှာပြင် တစ်ခုပေါ်တွင်flour ဖြူးကာဇလုံထဲမှ dough ကိုတင်ပြီး ပေါက်ဆီ ၁၂ လုံးစာ အတွက် အပိုင်း ၁၂ ပိုင်းဖြတ်ပါ။

ထိုအပိုင်းလေးများကို flour ဖြူးကာ အလုံးငယ်ကလေးများလုပ်ထားပါ။

ထိုအလုံးငယ်လေးကိုလက်ပေါ်တင်ကာ CD ပြားကဲ့သို့ဖြစ်အောင် ဖိဖြားပေးပါ။ (သို.မဟုတ်) လှိမ့်သော တုတ်ကိုသုံးကာ ပြားအောင်လုပ်ပါ။

ပြားပြားလေးဖြစ်သွားလျှင် filling အတွက် လုပ်ထားသောအစာ – ထမင်းစားဇွန်း ၁ ဇွန်းခွဲခန့်၊ မှိုမဲ ၁ ခု၊ ကြက်ဥပြုတ် ၁ စိတ် နှင့် ဝက်အူချောင်း တစ်ခုကိုထည့်ကာ လုံအောင်လုပ်ပေးပါ။

လုံသွားလျှင် ပိုနေသည့် ဂျုံသားအချို.ကို ဖြတ်ထုတ်ပစ်ကာ ပေါက်စီ ကို ပေါင်းအိုးထဲရှိ paper towel လေးပေါ် ပြောင်းပြန်မှောက်ကာ ထားပါ။ (ပေါင်းလိုက်လျှင်ပွလာမည်ဖြစ်၍ တစ်လုံး နှင့် တစ်လုံး ကပ်ပြီးမထည့်ရပါ။။)

ပေါင်းအိုးတင်ကာ ပေါင်းမည့် အိုးထဲမှ ရေဆူလာလျှင် 2 tbsp vinegar (ရှာလကာရည်- ထမင်းစားဇွန်း ၂ ဇွန်း) ထည့်ပေးပါ။ ( ပေါက်စီများ အနည်းငယ်ဖြူသွားစေရန် ထည့်ခြင်းဖြစ်ပါတယ်။)

ပြီးလျှင် ပေါက်စီများထည့်ထားသော ပေါင်းအိုးကိုတင်ကာ medium heat နှင့် ၁၀ မိနစ် ပေါင်းထားပါ။

၁၀ မိနစ်ကြာပြီးလျှင် အဖုံးကိုဖွင့်ကာ အဖုံးပေါ်မှရေများ ကို ခါလိုက်ပါ။ (ပေါင်းအိုးအဖုံးကို လက်သုတ်ပဝါဖြင့် ပတ်ပြီးမှ ဖုံးကာပေါင်းလျှင် ရေငွေ့များကို လတ်သုတ်ပဝါက စုပ်ထားတဲ့အတွက် ရေခါစရာမလိုပါဘူး)

အဖုံး ပြန်ဖုံးကာ နောက်ထပ်၁၀ မိနစ်ထပ်ထား ပြီးလျှင် ပေါက်စီပူပူလေး အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။


ref;Chaw Su's Food Friends
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)










ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...