ကုန်း၊ရေ၊လေ မောင်းနှင်နိုင်မည့် အဝေးထိန်းကား



မညီမညာ ကြမ်းတမ်းသော မြေပြင်များကို ကျော်လွှားမောင်းနှင်နိုင်သည့် အဝေးထိန်းကားများကို သင့် အနေဖြင့် မြင်ဖူးမည် ဖြစ်သော်လည်း ယခုကဲ့သို့ လေထဲတွင် ပျံသန်းနိုင်ပြီး မြေပြင်တွင် မောင်းနှင်နိုင် သလို ရေထဲတွင်ပါ နစ်မြုပ်မောင်းနှင်နိုင်သော အဝေးထိန်း ကားပုံစံကို သင့်အနေဖြင့် ပထမဦးဆုံးအကြိမ် ကြားဖူးမြင် ဖူးမည် ဖြစ်မည်သေချာပါသည်။

အဆိုပါကားအား Earth Rider RC ဟု ခေါ်ပြီး အခြားသော နာမည်တစ်ခုအနေဖြင့် Land Sea Air RC ဟုလည်း ခေါ်ပါသည်။ ၄င်းကို Takara Tomy ဆိုသူမှ တီထွင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး Tokyo Toy ပြပွဲ တွင် ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်ပေသည်။ ကားနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို မသိရှိ ရသော် လည်း အလေးချိန်အနေဖြင့် ၅၀ ဂရမ်ရှိပြီး ၄င်း၏ အပေါ်ပိုင်းတွင် ပျံသန်းရန်နှင့် မြေပြင်အခြေ အနေဆိုးများ ကို ကျော်လွှားမောင်းနှင်နိုင်ရန် အတွက် ဓါးသွားကဲ့သို့ ပန်ကာများပါရှိပါသည်။

ထူးခြားချက်အနေဖြင့် ရေထဲတွင် စွမ်းအားသုံး၍ မည်ကဲ့သို့ သွားလာနိုင်မည်ကို စဉ်းစားစရာ ဖြစ်လာ ခဲ့သော်လည်း ၄င်းဓါးသွားကဲ့သို့ ပန်ကာများကပင် ယာဉ်ကိုမောင်းနှင်ရန်အတွက် အသုံးပြုနိုင်သည်ကို တွေ့ရှိ ရမည် ဖြစ်ပါသည်။

ကားအနေဖြင့် မိနစ် ၃၀ တစ်ကြိမ်အားသွင်းပြီးလျှင် ပျံ၊မောင်း၊မြုပ် နိုင်ရန်အတွက် ၅ မိနစ်ခန့် အချိန်ရ ပါသည်။ ကားတွင် AA ဘက်ထရီ ၃ စုံအသုံးပြုရပြီး လာမည့် အောက်တိုဘာလတွင် ထုတ်ဖော်ရောင်းချ သွားမည်ဖြစ်ကာ တစ်စီးလျှင် ၉၂၅၀ ယမ်းတန်ဖိုး (အမေရိကန် ၉၁ ဒေါ်လာ) ကျသင့်မည် ဖြစ်ကြောင်း သိရှိရပါသည်။


Ref:Takaratomy
WorldWide(BMSTU)
TechSpace Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...