မိုးပေါ် ၁ ကီလိုမီတာထိ အမြင့်ရှိ ကမ္ဘာ့အမြင့်ဆုံး မိုးမျော်စင် တည်ဆောက်မယ့် Saudi Arabia


Victor (Paa Tung) on 2014-07-02 17:38

အကြီးဆုံး၊ အရှည်ဆုံး နှင့် ကုန်ကျအများဆုံး စသည့် အစစအရာရာမှာ ဆရာကြီးဖြစ်နေတဲ့ Dubai ဟာ အိမ်နီးနားချင်းနိုင်ငံ Saudi Arabia နဲ့ ပြိုင်ဆိုင်မှုတွေ ရှိလာတော့မှာ ဖြစ်ပါတယ်။

Jaddah တွင် Kingdom Tower တည်ဆောက်မည့် ဒီစီမံကိန်းကို အောင်မည်ဆိုရင် ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦးဖြစ်တဲ့ Dubai နိုင်ငံရဲ့ Burj Khalifa ဟာ ၎င်း၏ Guinness စံချိန် ဂုဏ်ပုဒ်ကို လက်လွတ် ဆုံးရှုံးသွားနိုင်ပါတယ်။

အတိုင်ပင်ခံဖြစ်တဲ့ Advanced Construction Technology Services က ၃၂၈၀ ပေ (၁ ကီလို) မြင့် မိုးမျှော်တိုက်ကြီးကို တည်ဆောက်သွား မှာဖြစ်ကြောင်း မကြာသေးမီက ကြောငြာလိုက်ပါတယ်။

ခန့်မှန်းချေ ဒေါ်လာ ၁.၂၃ ဘီလျံ ကုန်ကျမယ့် The Kingdom Tower တွင် အထပ်ပေါင်း ၂၀၀ ပါဝင် မှာဖြစ်ပြီး Red Sea ကို အပေါ်ဆီးကနေ မြင်ရမှာဖြစ်ပါတယ်။ ၎င်းမိုးမျော်တိုက်ကို တည်ဆောက်ရန် ကွန်ကလိပ် မီလျံ 5.7ft2 နှင့် သံ တန် ၈၀၀၀၀ ခန့် လိုအပ်ပါမယ် လို့ The Saudi Gazette ရဲ့ အဆိုရ သိရပါတယ်။

ဆားဓါတ်ပါသောရေတွေ အနှောက်အယုက်ပေးနိုင်တဲ့ အထူးသဖြင့် ပင်လယ်ကမ်းရိုးတန်းလို နေရာတွင် အဲ့လောက်အမြင့်ရှိ အဆေက်အအုံ တည်ဆောက်ဖို့ မလွယ်ကူတဲ့ အလုပ်ပါပဲ။ အနက် ပေ ၂၀၀ (၆၀ မီတာ) ရှိမယ့် အခြေခံ အုတ်မြစ်တွေဟာ အနီးအနာက သမုဒရာစားငံရေကို ခံနိုင်ရည်ရှိဖို့ လိုအပ်ပါလိမ့် မယ်။ ရလဒ်အနေဖြင့် Advanced Construction Technology Services ကနေ ကွန်ကရစ် အသီးသီး ရဲ့ကြမ်းခံနိုင်မှုကို စစ်ဆေးပါလိမ့်မယ်။

မဟာ အဆောက်အဦးကြီးများ တည်ဆောက်ရာမှာ လေဖိအားသည် ထည့်သွင်းစဉ်းစားရမယ့် အချက် တစ်ခုပါ။ ဒီပြသနာကို ဖြေရှင်းဖို့ မျော်စင်ရဲ့ အသွင်အပြင်ကို ပြောင်းလဲ ရပါလိမ့်မယ်။ အလွှာတိုင်းတွင် အပြောင်းအလဲ ရှိတဲ့အတွက်ကြောင့် လေဖိအားဟာ အဆောက်အဦးကို ၀ိုက်သွားပြီး မားမားမတ်မတ် တည်ရှိနေတဲ့ အဆီးအတား လိုဖြစ်နေတော့မှာ မဟုတ်ပါဘူး လို့ Gordon Gill က Construction Weekly ကို ရှင်းပြသွားပါသည်။ Gill ဟာ စီမံကိန်းအတွက် design architects ဖြစ်တဲ့ Adrian Smith + Gordon Gill Architecture တွင် အဖွဲ့ဝင် တစ်ဦးဖြစ်ပါတယ်။

အထပ်မြင့်ပိုင်း concrete လောင်းဖို့ ကလည်း စိမ်ခေါ်မှု တစ်ရပ် ဖြစ်ပါလိမ့်မယ်။ Burj Khalifa ကို တည်ဆောက်ခဲ့တုန်းက အင်ဂျင်နီယာတွေ နည်းဗျုဟာ တစ်ခုတည်းပဲ သုံးကောင်းအသုံးပြုခဲ့တယ်။ ၆ မီလျှံ cubic feet ရှိ concrete ကို pump စက် တစ်ခုတည်းကို အသုံးပြုခဲ့ကြပြီး ပုံမှန်အားဖြင့် concrete သား ခိုင်ခံ့မှုရှိအောင် အပူချိန်လျော့နည်းသော ညအချိန်မှာပဲ အလုပ်လုပ်လေ့ရှိတယ်။

လုပ်ဆောင်ဖို့က အတော်ကြီးမား လွန်းတယ်ဆိုပေမဲ့ The Council on Tall Buildings ရဲ့Director Sang Dae Kim ပြောဆိုချက်အရ The Kingdom Tower တည်ဆောက်မှု ဖြစ်နိုင်ခြေရှိပါတယ်။ ဒီနေ ရာမှာ ၁ ကီလိုမီတာ (သို့) ၂ ကီလိုမီတာ Tower ပဲဖြစ်ဖြစ် အချိန်မှီဆောက်လို့ ရပါတယ်။ ထိုထက်မက မြင့်တာ လည်းဖြစ်နိုင်တယ်။ အလုပ်ကို ပိုလုပ်ဖို့ပဲ လိုပါတယ် လို့ Construction Weekly ကို ပြောပြပါ တယ်။




Ref:http://edition.cnn.com
Trend Myanmar
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...