ဆီးကျိတ်ကင်ဆာကို ခွဲစိတ်စရာမလိုဘဲ ကုသနိုင်တော့မည်
““ယောက်ျားမှာ ဆီး၊ မိန်းမမှာ မီး”” ဆိုတဲ့ အတိုင်း ပါပဲ၊ အမျိုးသားတွေဟာ အသက်ကြီးလာတဲ့အခါ ဆီးလမ်းကြောင်း ပြဿနာတွေများစွာ ကြုံဆုံ ရလေ့ ရှိပါတယ်။ အားလုံးထဲမှာ အဖြစ်အများဆုံး ကတော့ ဆီးကျိတ် ရောင်တာပါပဲ။ ဆီးကျိတ် ရောင်တဲ့ အခါများစွာသော ဆီးလမ်းကြောင်း ပြဿနာတွေ ကြုံရလေ့ရှိပါတယ်။ အထူးသဖြင့်က ကြီးလာတဲ့ ဆီးကျိတ်က ဆီးလမ်းကြောင်းကို ပိတ်ပြီး ဆီးသွားသည့်အခါတိုင်းနာကျင်မှုကို ဆိုးရွားစွာ ခံစားရခြင်း၊ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း၊ ဆီးသွားစဉ်သွေးပါခြင်း၊ လိင်မှုကိစ္စ မဆောင်ရွက်နိုင်ခြင်းစတဲ့ လက္ခဏာတွေ ခံစားရပါတယ်။ အခြေအနေ ပြင်းထန်လာလျှင် ခွဲစိတ်မှသာ ရောဂါလက္ခဏာ သက်သာလာနိုင်ပါတယ်။ ဒါပေမဲ့ အသက် အရွယ်ကြီးတဲ့ အခါမှာ ခွဲစိတ်မှုလုပ်ဆောင်ဖို့က တကယ်ကို အန္တရာယ်ကြီးလှပါတယ်။
မိုင်ကိ
ref: Medindia
အခုအခါမှာတော့ လေ့လာသူတွေက Pulse Electromagnetic Field Therapy (PEMF) လို့ခေါ်တဲ့ နည်းပညာတစ်ခုကို တီထွင်ခဲ့ပြီး၊ ယင်းနည်းပညာက ဆီးကျိတ်ကို ခွဲစရာမလိုဘဲ လက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ လေ့လာမှုတွင် ဆိးကျိတ်ကြီးနေသော ခွေးပေါ်တွင် စမ်းသပ်လုပ်ဆောင်ခဲ့ပြီး ဆီးကျိတ်ကို လျှပ်စစ်လှိုင်းနှင့် ရောသံလိုက်လှိုင်း နှင့်ပါ ထိတွေ့စေခြင်း ဖြစ်ပါတယ်။ လေ့လာမှုမှာ ခွေးအား PEMF ကုထုံးအား တစ်ရက်လျှင်နှစ်ကြိမ်၊ တစ်ကြိမ်လျှင် ငါးမိနစ်ခန့်နှင့်သုံးပတ်ကြာ လုပ်ဆောင်ပြီးနောက် ဆီးကျိတ်မှာ ခွဲစရာမလိုဘဲ ၅၇ ရာခိုင်နှုန်းခန့် ပိုသေသွားကြောင်း တွေ့ရပါတယ်။ ယင်းနည်းပညာမှာ လူများတွင် မကြာခင် သုံးလာနိုင်မယ်လို့ သိရပါတယ်။
မိုင်ကိ
ref: Medindia
Health Updates Journal No. 125
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com)
လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com)
လွမ်းမပြေ သုတရပ်ဝန်း | Facebook