သင့်ရဲ့ ဝှေးစေ့ကို အကန်ခံရပါက ဘာကြောင့် ဗိုက်နာရပါသလဲ

ဝှေးစေ့တွေဟာ အစာအိမ်ရယ် ကျောက် ကပ်တွေရယ် နဲ့ ကပ်ရက် ၀မ်းဗိုက်ပိုင်းမှာ သဘာဝ အလျှောက် ဖြစ်တည်နေတာပါ။ ဝှေးစေ့ ဟာ တွဲလောင်း ကျနေပေမယ့်လည်း ယင်းအပိုင်း မှာ သွေးကြောတွေနဲ့ အာရုံကြော တွေဟာ တွဲဆက် ထားလျှက် ရှိပါတယ်။ ဒါကြောင့် ယောကျာင်္း တစ်ယောက်ဟာ သူရဲ့ ဝှေးစေ့ အကန် ခံရပြီဆိုပါက ဒါမှမဟုတ် လက်နဲ့  အညှစ် ခံရပြီဆိုပါက နာကျင် မှုဟာ ဝှေးစေ့ရဲ့  မူလအရင်းခံ အာရုံခံ နာဗ်ကြောတွေ ဖြစ်ကြတဲ့ သုတ်ပိုးအိမ် အာရုံခံ နာဗ်ကြောတွေ တွေ ကနေတဆင့် ဝှေးစေ့များကနေ ၀မ်းဗိုက်ခေါင်းထဲထိ တက်သွားပြီး ယင်းနာကျင်မှုဟာ ကျောရိုးထိ ဆက်ရောက်သွား ပါတယ်။

လူတော်တော် များများဟာ အစာအိမ်နေရာ တစ်ဝိုက် နာကျင်မှုအပြင် ပြင်းထန်တဲ့ ပျို့ အန်ချင်စိတ်ပါ ခံစား ရနိုင်ပါတယ်။ ယင်းခံစားရမှုဟာ အလိုလျောက် လုပ်ဆောင် အာရုံကြောစနစ်မှ အာရုံခံမှုဆိုင်ရာ သတင်း အချက်အလက်များ ရုတ်တရက် အစုလိုက်အပြုံလိုက် ထုတ်လွှတ်မှုကြောင့်ဖြစ်ပါတယ်။ ယင်းကဲ့သို့ အစု လိုက်အပြုံလိုက် အလျင်အမြန်ထုတ်လွှတ်မှုကို ခန္ဓာကိုယ်အတွင်းမှ ခံစားနိုင်မှု အတိုင်းအတာက ယောကျာင်္းတစ်ယောက် ဝှေးစေ့ကို အကန်ခံရတဲ့အခါ ပျို့ အန်နိုင်သလား မပျို့  အန်နိုင်သလားဆိုတာကို ဆုံးဖြတ်ပေးပါတယ်။ အခြေခံအားဖြင့်ကတော့ ဝှေးစေ့ကို အကန်ခံရပါက ဝှေးစေ့များမှာ နာကျင်ခြင်း ၊ ၀မ်းဗိုက်ထဲမှာ နာကျင်ခံစားရခြင်း၊ မူးဝေခြင်းပျို့ တက်ခြင်းနဲ့  ပျို့ အန်ခြင်းများ ဖြစ်နိုင်ပါတယ်။


Ref:.todayifoundout.com
Trend Myanmar
--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...