ပညာရေးက လူ့ဘဝအတွက် ၁ဝဝ ရာခိုင်နှုန်း အရေးကြီးဆုံးလို့ မထင်သူ



ပညာရေးက လူ့ဘဝ အတွက်တစ်ရာ ရာခိုင်နှုန်း အရေးကြီး ဆုံးလို့ မထင်ကြောင်း မိုးစက်ဝိုင် က ပြော သည်။

”စာအကုန်ရရုံနဲ့ လူတစ်ယောက်က ကောင်းသွားမှာ မဟုတ်ပါဘူး” ဟု မိုးစက်ဝိုင် က ပြောသည်။ မိုးစက်ဝိုင်က အမေရိကန် နိုင်ငံမှ Business Marketing ဘွဲ့ရရှိထားပြီး မြန်မာနိုင်ငံမှာလည်း အင်္ဂလိပ် စာ အဝေးသင်နှင့် ဘွဲ့ရရှိထားသူလည်း ဖြစ်သည်။

”ဒါပေမဲ့ ပညာတွေ သင်ယူတဲ့အချိန်မှာ သင်ယူပြီး လူရဲ့အတွေးအခေါ် ပြောင်းလဲမှု ရှိလာပြီး အကျင့် စာရိတ္တတွေ၊ တွေးခေါ်မှုတွေ ပြောင်းလဲမှုတွေ ရှိလာမယ် လို့တော့ ယုံကြည်တယ်” ဟု ၄င်းက ဆက်ပြော သည်။ မိုးစက်ဝိုင်က နိုင်ငံခြား ဘာသာစကားနှင့် ပတ်သက်ပြီး အင်္ဂလိပ်နှင့် တရုတ်ဘာသာ စကားတို့ကို လည်း ပြောဆိုနိုင်သည်။

”စာတွေပဲ ကြိုးစားပြီး တော်နေရုံနဲ့ ဘဝမှာ အောင်မြင်နေတဲ့ လူလို့မထင်ဘူး။ ပညာ လုံးဝမတတ်တဲ့ လူတစ်ယောက် ရဲ့အတွေးအခေါ်ဟာလည်း ပညာတတ်ထားပြီး သားနဲ့ မတူနိုင်ဘူးပေါ့” ဟု ၄င်းက ဆို သည်။ 


Popular Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...