အီဂျစ်ရုပ်တုကို ပေါင် ၁၆ သန်းနီးပါးဖြင့် ရောင်းချ
ဆုမြတ် |
နော့သမ်တန်ဘိုရော့ခ်ျ ကောင်စီ မှ နော့သမ်တန် ပြတိုက်နှင့် အနုပညာပြခန်း အတွက် ရန်ပုံငွေ ပေါင် ၁၄ သန်း ဖြည့်တင်းနိုင်ရန် Sekhemka ထုံးကျောက်ရုပ်တုကို လေလံတင် ရောင်းချ ခဲ့ခြင်း ဖြစ်သည်။
သို့သော် အင်္ဂလန် အနုပညာ ကောင်စီက နော့သမ်တန်ဘိုရော့ခ်ျ ကောင်စီကို တရားဝင် ပိုင်ဆိုင်ထား သည့် ရုပ်တုကို ဆုံးရှုံးသွားနိုင်ကြောင်း သတိပေး ပြောကြား ခဲ့သည်။
အီဂျစ်သံအမတ်ကလည်း ကောင်စီအနေဖြင့် အဆိုပါ ရုပ်တုကို အလိုမရှိတော့ပါက ပြန်လည် လွှဲပြောင်း ပေးသင့်ကြောင်း ဗြိတိန်သို့ ပြောကြားခဲ့ကြောင်း သိရသည်။
''ကျွန်တော်တို့ အနေနဲ့ ဒီရုပ်တုကို တစ်ဦးတည်းပိုင် စုဆောင်းတဲ့ ပစ္စည်းတစ်ခု ဖြစ်သွားမှာကို စိုးရိမ် ပါတယ်။ ဒီလိုပစ္စည်းကို အကျိုးအမြတ် အလို့ငှာ ရောင်းချခြင်းမှာ လက်မခံနိုင်စရာဖြစ်ပြီး ကောင်စီ အနေဖြင့် အီဂျစ်အစိုးရနှင့် ဆွေးနွေးသင့်ပါတယ်''ဟု သံအမတ်က ပြောကြား ခဲ့သည်။
Christie ကမူ ပိုင်ရှင်သစ်၏ အသေးစိတ် အကြောင်းအရာများကို မကြာခင် ဖော်ပြမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ဆန့်ကျင်သူများက မရောင်းချမီ အချိန်ကတည်းက Christie အပြင်ဘက်တွင် စုဝေးနေကြပြီး ရုပ်တုကို အီဂျစ်ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရေး ၀န်ကြီးဌာနသို့ ပြန်ပေးသင့်ကြောင်း၊ ဒေသ အာဏာပိုင်တွေ အနေနဲ့ အမှားကြီး တစ်ခု ကျူးလွန်လိုက်တာ ဖြစ်ပေမယ့် ယင်းတို့ အနေဖြင် Sekhemka ရုပ်တုကို ကယ်တင်ဖို့ ဆက်လက် တိုက်ပွဲဝင် သွားမည် ဖြစ်ကြောင်း ပြောဆို ခဲ့ကြသည်။
The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook