ငှက်ဖျားဒေသမှာ နေထိုင်သူ များအတွက် သဘာဝ နည်းလမ်းများ

Health Updates Journal No. 125
မုတ်သုံကာလကို ရောက်လာပြီဆိုရင် မြို့တော် ဒေသ တွေကလွဲရင် ကျန်တဲ့နေရာ အတော် များများဟာ ငှက်ဖျားဒေသ ဖြစ်တာကြောင့် ငှက်ဖျားရောဂါ အန္တရာယ်ကို ကာကွယ်ကုသမှု နည်းလမ်းတွေ အသင့်ပြင် ထားရပါတယ်။ 

ငှက်ဖျားရောဂါ ဟာလည်း စိုစွတ်တဲ့ ရာသီဥတု မှာ ကူးစက်ပျံ့နှံ့မှု ပိုများပါတယ်။ ငှက်ဖျားဖြစ်တဲ့ ဒေသတွေမှာ ငှက်ဖျားဆေးဝါး၊ ခြင်ဆေး၊ ဆေးစိမ် ခြင်ထောင်များအပြင် ပြည်သူလူထု အနေနဲ့ သဘာဝ နည်းလမ်းတွေကို သုံးပြီး တော့လည်း အတိုင်းအတာ တစ်ခုအထိ ကာကွယ်လို့ ရပါတယ်။

လီမွန်အုပ်စုဝင်များ- သံပရာ၊ သံပယို၊ ကဗ္ဗလာ၊ လီမွန်၊ လိမ္မော်၊ ကျွဲကော၊ ဂရိတ်ဖရုလို လီမွန်နွယ်ဝင် တွေဟာ ငှက်ဖျားရဲ့ quartan type ကို လျော့ကျစေနိုင်ပါတယ်။ လိမွန်သီးတစ်လုံးကို ညှစ်ပြီး သံပရာ အနှစ် ၄-၅စက်လောက်နဲ့ ဖျော်သောက်ရင် အဆိုပါဖျားနာမှုကို လျော့ကျစေတယ် လို့သိရပါတယ်။ ဒါ့ အပြင် ဂရိတ်ဖရုသီးမှာ ငှက်ဖျားကို တိုက်ဖျက်နိုင်တဲ့ သဘာဝ quinine ကဲ့သို့ ပစ္စည်း ပါဝင်ပါတယ်။
သစ်ကြမ်းပိုးခေါက်- သစ်ကြမ်းပိုးခေါက်ဟာလည်း ငှက်ဖျားကိုကုသရာမှာ အစွမ်းထက်တယ်လို့ အိန္ဒိယ အာယုဗေဒဆေးကျမ်းများမှာ ဖော်ပြ ထားပါတယ်။ သစ်ကြမ်းပိုးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ငရုတ်ကောင်းမှုန့်တစ်စေ့ကို ရေနွေးပူပူထဲမှာ ဖျော်ပြီး နေ့စဉ်သောက်ပေး ခြင်းဟာ ငှက်ဖျားဒေသ ပြည်သူတွေအတွက် ငှက်ဖျားရောဂါကို ကာကွယ်ပေးနိုင်ကြောင်း သိရှိရပါတယ်။
ပင်စိမ်းရွက်နဲ့ချင်း- ပင်စိမ်းရွက်ဟာ ငှက်ဖျားရောဂါမှာ အသုံးတည့်တဲ့ အရွက်တစ်မျိုးဖြစ်တာကြောင့် တောင်ပေါ်ဒေသက တိုင်းရင်းသားတွေအနေနဲ့ ပင်စိမ်းရွက်ကို ထည့်သွင်း ချက်ပြုတ်ကြပါတယ်။ ချင်းတုံး ကလေးတစ်တုံးကို နှုတ်နှုတ်စဉ်းပြီး စပျစ်သီးခြောက်နဲ့ ရောပြီး သောက်သုံးပေးရင်လည်း သဘာဝ နည်းလမ်းအတိုင်း ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။ 


ငြိမ်းအေး
ref;medindia.net
Health Updates Journal No. 125
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com)
လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...