မြန်မာ့လေကြောင်း ဝက်ဘ်ဆိုက် တိုက်ခိုက်ခံရ
ရန်ကုန်၊ ဇူလိုင် ၁၇ |
မြန်မာ့လေကြောင်း၏ ကြိုတင် လက်မှတ်ဝယ် ယူရမည့် ကဏ္ဍတွင် BCA မှ TOxIN မည်ရှိသူက ထိန်းချုပ်ထားခြင်း ဖြစ်ကြောင်း ဖော်ပြထားကာ Fxxx YOU MYANMAR အပါအဝင် ညစ်ညမ်းစာ တချို့ ရေးသားထားပြီး Peace is what we all want, war is never the solution ဟု ရေးသား ထားသည်။
တိုက်ခိုက်ခံရမှုအတွက် မြန်မာ့လေကြောင်းက တာဝန်ရှိသူများကို ဆက်သွယ် မေးမြန်းခဲ့သော်လည်း တိုက်ခိုက်ခံရမှုကို မသိရှိသေးကြောင်း ပြန်လည် ဖြေကြားသွားသည်။
“hack လုပ်တာက တစ်ကမ္ဘာလုံး ဖြစ်နေတာပဲ။ လုံခြုံရေးပိုင်း အားနည်းတာကြောင့်လည်း ရှိတယ်။ hack လုပ်တဲ့သူက ပိုတော်နေရင်လည်း ပါသွားနိုင်တယ်။ BCA ဆိုတာက တကယ် hack တဲ့သူ ကိုယ်တိုင် လည်း ဖြစ်နိုင်သလို ထင်ယောင်ထင်မှား ဖြစ်အောင် တင်တာလည်း ဖြစ်နိုင်တယ်” ဟု ကွန်ပျူတာ ပညာရှင် တစ်ဦးဖြစ်သူ ဦးရဲမြတ်သူက ဆိုသည်။
ပြီးခဲ့သည့် ရက်သတ္တနှစ်ပတ်ခန့်က ဆက်သွယ်ရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်ကိုလည်း ဟက်ကာ အချို့က တိုက်ခိုက်ပြီး ဝန်ကြီးဌာန၏ အမှတ်တံဆိပ်ကို လိပ်ပုံစံပြောင်းလဲ ထားခဲ့သဖြင့် ပြန်လည် ပြင်ဆင်မှု များပြုလုပ်ခဲ့ရသည်။
The Voice Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook