မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း Call Center တစ်ခုဖွင့်မည်

ပြည်ပကုမ္ပဏီတစ်ခု၏ Call Center မြင်ကွင်း (openaccessbpo.com) 

ပြည်သူများအား ဆက်သွယ်ရေး ၀န်ဆောင်မှုများ စုံစမ်း နိုင်ရန်နှင့် အခက်အခဲများကို ဖြေရှင်း ပေးနိုင်ရန် ကိုယ်ပိုင် Call Cen-ter တစ်ခု တည်ထောင် သွားမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ် ရေးလုပ်ငန်း အထွေထွေမန်နေဂျာ ဦးခင်မောင်ထွန်းက ပြောကြားသည်။

‘‘MPT ရဲ့ ၀န်ဆောင်မှုတွေ ကို အချိန်နဲ့ တစ်ပြေးညီ သိနိုင်ဖို့ အတွက် ကိုယ်ပိုင် Call Center တစ်ခု ထပ်လုပ်သွားပါမယ်’’ ဟု ဦးခင်မောင်ထွန်းက ဆိုသည်။

မြန်မာ့ဆက်သွယ်ရေး လုပ် ငန်းအနေဖြင့် အဆိုပါ အစီအစဉ် ကို ဂျပန်ဆက်သွယ်ရေး ကုမ္ပဏီ နှစ်ခုဖြစ် သည့် KDDI နှင့် Su-mitomo Corporation တို့ ပူး ပေါင်းထားသည့် KSGM (Joint Operation) ဖြင့် လက်တွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး ၀န်ဆောင်မှုများကို တိုးချဲ့၍ အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။

‘‘ကျွန်တော်တို့အနေနဲ့ ဆက် သွယ်ရေးကွန်ရက်ဆိုင်ရာ ပြဿ နာအားလုံးနီးပါးကို ဖြေရှင်းပေး သွားမယ်။ မကြာခင်မှာ ကောင်း မွန်တဲ့ ၀န်ဆောင်မှုတွေကို အသုံး ပြုခွင့်ရအောင် လုပ်ပေးသွားမှာ ပါ’’ ဟု ဂျပန် ဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုပေါင်းထားသည့် KSGM(Joint Operation) ၏ မန်နေဂျင်းဒါရိုက်တာ တကရှီနာဂရှီမက ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိအ သုံးပြုနေသော မိုဘိုင်းကွန်ရက် များသည် မြို့ပေါ်ရှိနေရာအများ စု၌ ဖုန်းလိုင်း မမိသည့် ပြဿနာ ဖြင့် အသုံးပြုသူများ ကြုံတွေ့နေ ရပြီး ဖုန်းပြောရာတွင်လည်းမလို အပ်သည့် ဆူညံသံ များရှိနေ၍ အဆိုပါ ပြဿနာကိုလည်း အမြန်ဆုံး အဆင်ပြေသွားရန် ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း မစ္စတာ တကရှိနာဂရှီမက ဆိုသည်။


7Day Daily
No.443 Friday, July 18, 2014 
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...