Cinnamon ကို Ubuntu OS 14.04 တွင် ထည့်သွင်းခြင်း
ပုံမှန် အသုံးပြုနေကျ Linux Base များမှာ မြင်ရတဲ့ Default Desktop ပုံစံတွေကို အသုံး မပြုချင်တဲ့ သူတွေ Cinnamon ကို ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Cinnamon ဟာ App Menu ပုံစံတွေ Botton Panel ပုံစံတွေနဲ့ အခြားသော မြင်ကွင်း ပုံစံတွေကို ပြောင်းလဲပေးထားပြီး လှပတဲ့ ဒီဇိုင်း သွင်ပြင်တစ်ခု ဖြစ်အောင် ဖန်တီးပေးနိုင်မှာ ဖြစ်ပါ တယ်။
Ubuntu OS Cinnamon ကို ထည့်သွင်းဖို့အတွက်ဆိုရင် ပထမဆုံး Ubuntu OS System ရဲ့Package တွေကို ပထမဦးဆုံး Update တွေ၊ Upgrade တွေပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီ ဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ အရင် Package တွေ ကို Update ပြုလုပ် ရမှာဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံ လုပ်ပေးရပါမယ်။ နောက်တစ်ဆင့်ကတော့ Cinnamon ကို Install ပြုလုပ်ဖို့ အတွက် ဖော်ပြပါ Command တွေကို တစ်ခုချင်းရိုက်ထည့်ရမှာ ဖြစ်ပါတယ်။
အသုံးပြုရမယ့် Command တွေကတော့
-sudo add-apt-repository ppa:lestcape/cinnamonsudo apt-get update && sudo apt-get install cinnamon ဖြစ်ပါတယ်။ အောက်ဆုံးက Command ကို ထည့်သွင်းလိုက်ရင် ခဏစောင့် ဆိုင်းရပါမယ်။ Download ပြုလုပ်ပြီး ထည့်သွင်းမယ့် ဖိုင်အရွယ်အစားကြီးတဲ့ အတွက် Download ပြုလုပ်ချိန်ကို စောင့်ဆိုင်းရမှာဖြစ်ပါတယ်။
အားလုံးပြီးဆုံးသွားပြီဆိုရင် System ကို Restart ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် ပုံမှန်မြင်တွေ့နေကျ Desktop ပုံစံ မဟုတ်တော့ဘဲ လှပတဲ့ ဒီဇိုင်းနဲ့ Desktop ပုံစံကိုမြင်တွေ့ရမှာ ဖြစ်ပါတယ်။ အထက် ဖော်ပြပါ နည်းလမ်းက တော့ Ubuntu OS 14.04 မှာ Cinnamon ကို ထည့်သွင်းနိုင်တဲ့ နည်းလမ်းဖြစ် ပါတယ်။
သီဟ

Internet Journal
အတွဲ (၁၅)၊ အမှတ် (၂၈)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook