iTunes ပေါ်က သီချင်းတွေကို သီချင်းစာသားများ ရယူခြင်း

iTunes ပေါ်ကနေ သီချင်းတွေ နားထောင်တတ်တဲ့ သူတွေအတွက် သီချင်းစာ သားတွေကို ဖတ်ရှုပြီး နားထောင်ချင်တဲ့ အခါမှာ သီချင်း စာသားတွေကို ရယူတဲ့ နည်းလမ်း ဖြစ်ပါတယ်။ iTunes ပေါ်က သီချင်းတွေကို နားထောင်ပြီး သီချင်းစာသား တွေကို ကြည့်ရှုကာ သီဆိုချင်သူတွေ အတွက် သီချင်း စာသားတွေကို ရယူနိုင်မယ့် နည်းလမ်း တစ်ခုလည်း ဖြစ်ပါတယ်။

iTunes ပေါ်က သီချင်းတွေရဲ့ သီချင်း စာသားတွေ ကို ရယူဖို့ အတွက် iLyrics ဆိုတဲ့ ဆော့ဖ်ဝဲက အကူအညီပေးမှာ ဖြစ်ပါတယ်။ iLyrics ကို ရယူဖို့အတွက် http://goo.gl/OPrsO5 ဆိုတဲ့ဝက်ဘ်ဆိုက် ကနေ သွားရောက်ရယူရမှာ ဖြစ်ပါတယ်။ iLyrics ကို Download ပြုလုပ်ပြီးသွားပြီဆိုရင် ဘယ်လို အသုံးပြုရတယ် ဆိုတာကို ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

iTunes ပေါ်က သီချင်းတွေရဲ့ သီချင်းစာသားတွေကို ရယူချင်တယ်ဆိုရင် iTunes ပေါ်က နှစ်သက်ရာ သီချင်းတစ်ပုဒ်ကို ဖွင့်လိုက်ပါ။ ပြီးသွားရင် Download ပြုလုပ်ထားတဲ့ iLyrics ကို ဖွင့်ရမှာ ဖြစ်ပါတယ်။ iLyrics ကို အသုံးပြုဖို့ အတွက်လည်း .NET Framework အနိမ့်ဆုံး Version 3.5 လိုအပ်မှာ ဖြစ်ပါတယ်။ ပြီးသွားရင် iTunes ကနေ သီချင်းဖွင့်ပြီး iLyrics ကို Update Automatically မှာ အမှန်ခြစ်ထည့်ပေး ထားရမှာ ဖြစ်ပါတယ်။ Lyrics Service မှာလည်း Lyric Wiki, Leo's Lyrics အစရှိတာ တွေကို ရွေးချယ်ပြီး Get Lyrics ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ရမှာ ဖြစ်ပါတယ်။

ဒါဆိုရင် ကိုယ်ဖွင့်နေတဲ့ သီချင်းရဲ့ သီချင်းစာသား ရှိပြီးသားလား၊ မရှိဘူးလားဆိုတာကို စစ်ဆေးပေးပြီး ရှာဖွေပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် iTunes ကနေ ကိုယ်နားထောင်နေတဲ့သီချင်းကို ရယူလိုပါကလည်း မည်သည့် ဝက်ဘ်ဆိုက်တွင်ရှိတယ် ဆိုတာကို ဖော်ပြပေးမှာလည်း ဖြစ်ပါတယ်။ အထက်ဖော်ပြပါ နည်းလမ်းမှာ iTunes က သီချင်းတွေရဲ့ သီချင်းစာသားတွေကို ရှာဖွေပေး နိုင်မယ့် iLyrics အသုံးပြုပုံ နည်းလမ်းဖြစ်ပါတယ်။


သီဟ
Internet Journal အတွဲ (၁၅)၊ အမှတ် (၂၈)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...