Facebook Messenger iPad ဗားရှင်း ထွက်ပေါ်လာ


Beluga ကို ဝယ်ယူပြီးနောက် စမတ်ဖုန်းအတွက် Messenger ကို ပြောင်းလဲဖန်တီးခဲ့သည့် Facebook က iPad အတွက် Facebook Messenger chat app ကို ဖြန့်ချိပေးခဲ့သည်။

Messenger for iPad တွင် multi-window interface ဖြင့် အသုံးပြုနိုင်သောကြောင့် စကားပြောဆိုမှု များကို တစ်ပြိုင်နက် ပြုလုပ်နိုင်သည်။ မိုဘိုင်းထုတ်ကုန်များမှ Messenger အသုံးပြုသူဦးရေသည် ဧပြီလ တွင် သန်း ၂၀၀ ကျော်ရှိခဲ့ပြီးနောက် Apple ပရိသတ်များ အနေဖြင့် အရွယ်ကြီးမားသည့် screen ပေါ်မှာ မိုဘိုင်း message များ ပေးပို့နိုင်ပြီ ဖြစ်သည်။

Messenger for iPad တွင် စတစ်ကာများ၊ လွယ်ကူသည့် group chat navigation များနှင့် VoIP ဖုန်းခေါ်ဆိုမှုများ အပါအဝင် Messenger feature အများစု ပါဝင်လာသည်။ သို့သော်လည်း split-screen selfie ကင်မရာနှင့် tap-and-hold quick video recording တို့ ပါဝင်လာခြင်း မရှိပေ။ ထို့အပြင် Android tablet များအတွက် Messenger app ဖြန့်ချိမည့် အချိန်ကိုလည်း Facebook က ပြောကြား ခဲ့ခြင်း မရှိပေ။

Messenger for iPad app သည် iPad ပေါ်တွင် အလုပ်လုပ်ရင်း သို့မဟုတ် ဂိမ်းကစားရင်း မိုဘိုင်း message ပေးပို့လိုသူများအတွက် အထူးသင့်တော်စေမည် ဖြစ်သည်။ ထို့အပြင် iPad ပေါ်တွင် Facebook ရော Messenger ကိုပါ ထည့်သွင်းထားသူများသည် Message ခလုတ်ကိုနှိပ်လိုက်သည့်အခါ Messenger app သို့ အလိုအလျောက် ပြောင်းလဲဖော်ပြပေးမည် ဖြစ်သည်။ Messenger ထိပ်ဘက်ရှိ bar ကို နှိပ်လိုက်သည့်အခါ Facebook သို့ ပြန်ရောက်သွားမည် ဖြစ်သည်။ 


Ref: TechCrunch
Internet Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...