Folderico ဖြင့် Windows Folder Icon များကို အလွယ်တကူ ပြောင်းလဲခြင်း



Windows Explorer တွင် အဝါရောင် icon များဖြင့် အသုံးပြုရာတွင် ရိုးအီနေသူများ အနေဖြင့် Folderico for Windows software ကို အသုံးပြုပြီး Folder Icon များကို အလွယ်တကူ ပြောင်းလဲနိုင်သည်။ Folderico 4 ကို Windows 7, Windows 8 နှင့် Windows 8.1 တို့တွင် အသုံးပြုနိုင်သည်။ XP သုံးစွဲသူ များအနေဖြင့် Folderico 3.7 နှင့် အသုံးပြုနိုင်သည်။

Folder Icon များ ပြောင်းလဲခြင်း

- Folderico ကို Shedko ဝက်ဘ်ဆိုက်မှ download လုပ်ပြီး install လုပ်ပါ။

- Install လုပ်ပြီးလျှင် Folderico ကို ဖွင့်ပါ။



- Icon ပြောင်းလဲလိုသည့် folder ကိုရွေးပါ။ စမ်းသပ်ပြောင်းလဲလိုလျှင် အဆိုပါ window တွင် folder တစ်ခုဖန်တီးပြီး ပြောင်းလဲနိုင်သည်။



- ထို့နောက် နှစ်သက်သည့် icon style ကို ရွေးပါ။ Windows 7, Windows 8 နှင့် Windows 8.1 အပြင် Windows Vista folder style တို့ကို ရွေးချယ်ပြောင်းလဲနိုင်သည်။



- ပြီးလျှင် folder icon ပြောင်းလဲရန် main window ကိုသွားပြီး apply လုပ်ပါ။



Icon ကို မူလအရောင်သို့ ပြောင်းလဲခြင်း

- Install လုပ်ထားသည့် Folderico ကို ဖွင့်ပါ။

- ဘယ်ဘက် အောက်ဘက်နားရှိ “Reset Default Icon” ကို နှိပ်ပါ။ Folder icon များ မူလအတိုင်း အဝါရောင်သို့ ပြောင်းလဲသွားပါလိမ့်မည်။


Internet Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...