စိတ်ပိုင်းဆိုင်ရာ စမ်းသပ်မှု ပြုလုပ်ခဲ့သော Facebook ကို စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေ

ယူကေစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့သည် Facebook အနေဖြင့် ခွင့်ပြုချက်မရရှိဘဲ သုံးစွဲသူများ ကို စိတ်ပိုင်းဆိုင်ရာ စမ်းသပ်မှုအပေါ်စုံစမ်း စစ်ဆေးမှုပြုလုပ်နေကြောင်း သိရသည်။

အဆိုပါစမ်းသပ်မှုတွင် Face-book သည်သုံးစွဲသူ ၇၀၀,၀၀၀ ၏ news feed များ၌စိတ်ပိုင်းဆိုင် ရာဖော်ပြချက်များကို ထိန်းချုပ်ရန် ကြိုးစားခဲ့သည့် စစ်တမ်းတစ်ခုဖြစ် ကြောင်းသိရသည်။ သတင်းအချက်အလက် စုံစမ်းစစ်ဆေးရေးရုံး (ICO) က အဆိုပါစစ်တမ်းနှင့် ပတ်သက်၍ Facebook ကိုမေးခွန်းများ မေးမြန်းသွားရန် စီစဉ်နေကြောင်း ပြောဆိုခဲ့သည်။ Facebook ကမူ လူအများ၏ အချက်အလက်များတွင် လိုအပ်သည့် ကာကွယ်မှုပေးထားကြောင်း ပြောကြားထားသည်။ Facebook အနေဖြင့် စည်းကမ်းထိန်းသိမ်းရေးမှ မေးမြန်းမည့် မေးခွန်းများကို ဖြေကြားရန် အသင့်ရှိကြောင်း Facebook မူဝါဒဆိုင်ရာ ဒါရိုက်တာ ရစ်ချတ်အလန်က ပြောကြားခဲ့သည်။

ICO အနေဖြင့် ၎င်းကိစ္စကို စုံစမ်းစစ်ဆေးရာတွင် အိုင်ယာလန်နိုင်ငံ၏ အချက်အလက်ကာကွယ်ရေး စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ကို ဆက်သွယ်သွားမည် ဖြစ်ကြောင်း Financial Times နှင့် Register သတင်းစာများက ဖော်ပြခဲ့သည်။ အဘယ်ကြောင့်ဆိုသော် Fcebook ၏ဥရောပဌာနချုပ်များသည် အိုင် ယာလန်နိုင်ငံ၏ ဒင်ဗလင်မြို့တွင် တည်ရှိသောကြောင့်ဖြစ်သည်။ ထို့အပြင် Facebook ကပြုလုပ်ခဲ့သည့် စစ်တမ်းသည် ၂၀၁၂ ခုနှစ်တွင် ဆန်ဖရန်စစ္စကိုမြို့ရှိ ကော်နဲတက္ကသိုလ်နှင့် ကာလီဖိုနီးယား တက္ကသိုလ် တို့ဖြင့် ပူးပေါင်း၍ တစ်ပတ်ကြာခန့်မျှ သုံးစွဲသူ ၆၈၉,၀၀၀ ကိုလေ့လာကာ စစ်တမ်းပြုစု ခဲ့ခြင်းဖြစ်သည်။


-စိုးထက်

Ref : BBC
Internet Journal အတွဲ (၁၅)၊ အမှတ် (၂၆) 
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...