အကိုက်အခဲပျောက်ဆေး Ibuprofen က အရွယ်တင် နုပျိုစေနိုင်

အသုံး အများဆုံး အကိုက်အခဲ ပျောက်ဆေး ထဲမှာပါဝင်တဲ့ ibuprofen ဟာ အဆစ်အမြစ် ရောင်ရမ်းခြင်းကိုသာ သက်သာ စေရုံတင် မကဘဲ အရွယ်ရလာလို့ အိုမင်း ရင့်ရော်တဲ့ ဖြစ်စဉ်ကိုပါ လျော့ပါး စေနိုင်ကြောင်း ဆေးပညာ သတင်း တစ်ရပ်မှာ ဖော်ပြထားပါတယ်။

ဒါဟာ ခုခံအားစနစ် ပုံမှန်ထက် ပိုတက်ကြွနေ ခြင်းကြောင့် နာတာရှည် ရောင်ရမ်းခြင်းရယ် အိုမင်းရင်ရော်မှု ဖြစ်စဉ် (ageing process) လျှင်မြန်ခြင်း တွေရယ်မှာ ibuprofen ရဲ့အာနိသင်ကို အထူးပြု လေ့လာနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

““အသက်အရွယ်ရနေတဲ့ ကြွက်သတ္တ၀ါ လေးတွေကို အသုံးပြု လေ့လာခဲ့တာ ဖြစ်ပါတယ်။ နောက်ပြီး မျိုးဗီဇကို ပြုပြင်ပြောင်းလဲလိုက် တဲ့အတွက် သူတို့ပိုပြီးအိုလာအောင် လုပ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ibuprofen ကို တိုက်ကျွေးခဲ့ တဲ့အခါမှာ ရောင်ရမ်းမှုတွေကို ပိုပြီးလျော့ပါး သက်သာစေတဲ့အပြင် အိုမင်း ရင့်ရော်မှုနှုန်းကို မြန်ဆန်နေ တဲ့အဆင့်မှ သာမန်အဆင့်ထိရောက်အောင် နှေးကွေးစေတာကို တွေ့ရှိခဲ့ ပါတယ်””လို့ သုတေသန ခေါင်းဆောင် Dr.Diana Jurk က ရှင်းပြခဲ့ပါတယ်။ 

ibuprofen ဆိုတဲ့ဆေးဝါးဟာ စတီးရွိုက်မဟုတ်သော ရောင်ရမ်းမှု သက်သာစေတဲ့ အကိုက်အခဲပျောက် ဆေးတစ်မျိုး ဖြစ်ပြီး ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ ဖျားနာခြင်း၊ တုပ်ကွေးရောဂါ များအတွက် လူသန်းပေါင်းများစွာက လက်ရှိအသုံးပြုနေကြပါတယ်။ ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်သုံးနိုင်တဲ့ ဆေးမဟုတ် တဲ့အပြင် ဈေးကွက်မှာ အလွယ်တကူ ၀ယ်ယူနိုင်ခြင်းကလည်း အဆိုပါဆေးရဲ့ အားသာချက် တစ်ခု ဖြစ်တဲ့အတွက် အိုမင်းရင့်ရော်မှုကို နှေးကွေးစေတဲ့ အာနိသင်ကို ရှာဖွေရခြင်း ဖြစ်ပါတယ်။

Dr.Diana Jurk က ဆေးရဲ့ အာနိသင်ကို ရှင်းပြထားပါသေးတယ်။““ ရောင်ရမ်းမှုဟာ အောက်စီဂျင် ဓာတ်တိုးပစ္စည်းတွေ ထွက်ရှိစေတာကြောင့် ခရိုမိုဇုန်းတွေ အပေါ်က ကာကွယ်ထားတဲ့ telomeres့ တွေနဲ့ DNA့ ကို ပျက်စီးစေပါတယ်။ အဲဒီလို ပျက်စီးမှုတွေဟာ ဆဲလ်တွေရဲ့ အိုမင်းရင့်ရော် မှုကို ဖြစ်စေပါတယ်။ အဲဒီလို အောက်စီဂျင်ဓာတ်တိုး radicals တွေကြောင့် ပျက်စီးနေတဲ့ဆဲလ်တွေကို ibuprofen က ဖယ်ရှားပေးနိုင်ပါတယ်”” လို့ ရှင်းပြထားပါတယ်။


သက်နှင်း
ref;ANI
Health Updates Journal No. 125
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com)
လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...