အိုင်အို (Io) ဂြိုဟ်ရံလ (သို့) မီးတောင်များရှင်



အိုင်အို ဆိုတာကတော့ ဂျူပီတာ (ခ) ကြာသပတေးဂြိုဟ်ကြီးရဲ့ မြောက်များ လှစွာသော ဂြိုဟ်ရံလများထဲမှ တတိယမြောက် အကြီးဆုံးလဖြစ်ပြီး နေအဖွဲ့ အစည်းမှာတော့ စတုထ္ထမြောက် အကြီးဆုံး ဂြိုဟ်ရံလဖြစ် ပါတယ်။

အချင်း ၃၆၄၂ ကီလိုမီတာ (၂၂၆၃ မိုင်) ရှည်လျှားပြီး အခြားဂြိုဟ်ရံ လများထက် အတွင်းပိုင်း ကျသော (ဂျူပီတာနှင့် ပိုမို နီးကပ်သော) နေရာမှာ တည်ရှိပါတယ်။

အိုင်အိုမှာ မီးတောင်ရှင်ပေါင်း ၄၀၀ ကျော်ရှိပါတယ်။ နေအဖွဲ့အစည်း မှာတော့ လှုပ်ရှားတုန်ခါမှု အများဆုံး ဂြိုဟ်ရံလ တစ်ခုပါဘဲ။ အချို့သော မီးတောင်များမှ ဆာလဖာ နှင့် ဆာလဖာဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့များ၊ အရည်များဟာ မျက်နှာပြင်မှ ကီလိုမီတာ ၅၀၀ ခန့်အထိ ပန်းထွက်လို့နေပါတယ်။

မီးတောင်များ ပေါက်ကွဲခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ တောင်ပူစာပေါင်းကလည်း ၁၀၀ ကျော်လောက် ရှိပါတယ်။ အချို့တောင်များဟာ ကမ္ဘာပေါ်က ဧ၀ရတ်တောင် ထက်တောင် မြင့်မားကြပါတယ်။ အခြားဂြိုဟ်တွေလို သူ့မှာ ရေတို့ ရေခဲတို့ မရှိပါဘူး။ သံရည်ပူများနဲ့ ချော်ရည်များသာ ပြည့်နက်လို့နေ ပါတယ်။

ဆာလဖာ၊ ချော်ရည်များစီးဆင်းခြင်းကြောင့် အိုင်အိုရဲ့ အရောင်ဟာ အ၀ါ၊ အနီ၊ အဖြူ၊ အနက် နဲ့ အစိမ်းရောင်များ ရောလျှက်နေကာ ဆေးရောင် ခြယ်ထားသလို ဖြစ်လို့နေပါတယ်။

အိုင်အိုကို သိပ္ပံပညာရှင် ဂယ်လီလီယိုမှ ၁၆၁၀ ခုနှစ်မှာ စတင်တွေ့ရှိ ခဲ့တာဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်နဲ့ ၂၀၀၀ ခုနှစ်များမှာတော့ ဂယ်လီလီယိုလို့ အမည်ပေးထားတဲ့ အာကာသယာဉ်ဟာ အိုင်အိုအနီးကို ဖြတ်သန်းလို့ မှတ်တမ်းများ ရယူနိုင်ခဲ့ပါတယ်။


ref;အာကာသနှင့် စကြ၀ဠာ
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...