Links များကို နောက်ကွယ်မှာ ဖွင့်ပေးမယ့် Flynx

Android Phone မှာ Facebook သုံးနေရင်းက လင့် တစ်ခုကို နှိပ်ရင် Default Browser နဲ့ ဖွင့်ပေးမှာ ဖြစ်ပါတယ်။ အဲဒီအတွက် Facebook သုံးရတာ အနှောင့်အယှက် ဖြစ်စေမှာပါ။ Facebook မှ လင့်များကို နှိပ်ရင် နောက်ကွယ်မှာ ဘရောက်စာ တစ်ခုနဲ့ ဖွင့်ပေးနိုင်တဲ့ App ရှိရင် Facebook သုံးတာလည်း မပျက်တော့ဘဲ လင့်များ ကိုလည်း နောက်မှ အေးအေးဆေးဆေး ဖတ်နိုင် မှာပါ။ ဒီလိုလုပ်ပေးနိုင်တဲ့ App က Flynx ဖြစ်ပါ တယ်။

Flynx ကို အင်စတော လုပ်ပြီးရင် အသုံးပြုနည်း များကို ပြသပေးမှာဖြစ်ပြီး အခြား Settings များကို ပြောင်းလဲစရာ မလိုဘဲ အသုံးပြုနိုင်ပါပြီ။ Facebook အပါအ၀င် Apps များမှ လင့်များကို နှိပ်ရင် Flynx က သူ့ရဲ့ ကိုယ်ပိုင် ဘရောက်စာနဲ့ လင့်များကို ဖွင့်ပေးမှာပါ။ ဘရောက်စာနဲ့ ဖွင့်ပေးတယ် ဆိုပေမယ့် Facebook ကို အသုံးမပျက်ဘဲ Facebook Messenger ရဲ့ Chat Head လို Floating Bubble ပေါ်လာမှာဖြစ်ပါတယ်။ လင့်တစ်ခုအတွက် သီးခြား Floating Bubble နဲ့ ပြသပေးမှာပါ။

Facebook အသုံးပြုပြီးတော့မှ Bubble ကို တစ်ချက်နှိပ်ပြီး Web Page များကို ကြည့်နိုင်ပါတယ်။ ညာဘက်ဘေးမှ ဒေါင်လိုက်အစက်သုံးစက်ကို နှိပ်ရင် ပြုလုပ်နိုင်တဲ့ Action များကို မြင်တွေ့နိုင်ပါတယ်။ Floating Browser ကို ပိတ်တာ၊ အခြား ဘရောက်စာတစ်ခုနဲ့ဖွင့်တာ၊ လင့်ကို Share လုပ်တာတို့ဖြစ် ပါတယ်။

Flynx ရဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ချက်တစ်ခုက Reading Mode ပါရှိတာပါ။ ညာဘက်အပေါ်ထောင့်မှ မျက်လုံးပုံ ခလုတ်ကို နှိပ်ရင် Web Page တစ်ခုရဲ့ မလိုအပ်တဲ့ ကြော်ညာလို အစိတ်အပိုင်းတွေကို ဖယ်ရှား ပေးနိုင်ပါတယ်။ T ခလုတ်ကို နှိပ်ရင် ဖောင့်အရွယ်အစားကို ပြောင်းလဲနိုင်ပါတယ်။

Flynx ဟာ Facebook အပါအ၀င် Apps များကို အသုံးပြုနေရင်းက လင့်များကို နှိပ်ရင် လက်ရှိသုံးနေတဲ့ App ကို အနှောင့်အယှက်မဖြစ်စေဘဲ Web Page များကိုလည်း နောက်ပိုင်းမှာ ဖတ်ရှုနိုင်တဲ့ အသုံးဝင်တဲ့ App တစ်ခုဖြစ်ပါတယ်။

Flynx ကို Android 3.0 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပါတယ်။

https://play.google.com/store/apps/details?id=com.flynx


ref;Myanmar Digital Life Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...