Myanmar Music Store ၏ Android App Latest Version (1.0.4) ထွက်ရှိ


အဆိုပါ Version တွင် ပါဝင်လာသော Add Credits ဖြင့် ငွေဖြည့် သွင်းနိုင် မှုကြောင့် ဝယ်ယူနားဆင် သူများ အနေဖြင့် သီချင်း ဝယ်ယူသည့် အခါ SMS Reply ကို အချိန်ကြာမြင့်စွာ စောင့်စရာ မလိုပဲ အဆင်ပြေ လျှင်မြန်စွာ ဝယ်ယူနိုင် ပါသည်။

ထည့်သွင်းလိုသည့် ငွေပမာဏကိုလည်း ၁၀၀၀ ကျပ်မှစ၍ ၅၀၀၀ ကျပ်ထိ မိမိ၏ ဖုန်းဘေလ်ဖြင့် ကြိုက်နှစ်သက်သလို ထည့်သွင်း ဝယ်ယူနိုင် ပါသည်။

ထို့ပြင် နေ့စဉ်နေ့တိုင်း ဝယ်ယူရရှိနိုင်သော သီချင်းများ အကြောင်းနှင့် အနုပညာ သတင်းများကို မိမိတို့၏ ဖုန်းထဲသို့ Notification ရရှိနိုင်မည်ဖြစ်ပြီး လွယ်လင့်တကူ ဝင်ရောက် ကြည့်ရှုနိုင် မည်ဖြစ်သည်။

Credits ဝယ်ယူနည်း

- MMS App ၏ ညာဖက် အောက်ထောင့်တွင် ရှိသော More ထဲသို့ ဝင်ပါ။
- More ထဲမှ Add Credits ကိုရွေးချယ်ပါ။
- ထို့နောက် Get Password ကိုရွေး၍ သင်၏ဖုန်းနံပါတ်ကို ရိုက်ထည့်ပါ။ မကြာမီ Password ကို 
18899 မှတစ်ဆင့် ပေးပို့သော SMS မှတဆင့် ရရှိပါလိမ့်မည်။
- ရရှိလာသော Password ကို ဖြည့်စွက်ပါ။ မိမိဝယ်ယူလိုသော Credits ပမာဏကို ရွေးချယ်၍ 
Ok ကိုနှိပ်ပါ။
- ခဏအကြာတွင် သင်၏ဖုန်းထဲသို့ ရွေးချယ်ထားသော MMS Credits ပမာဏ ရောက်ရှိလာမည်ဖြစ်သည်။
- Check Balance ကိုနှိပ်၍ မိမိ၏ လက်ကျန်ငွေ ပမာဏကို အချိန်မရွေး စစ်ဆေးနိုင်ပါသည်။
- မိမိကြိုက်နှစ်သက်သော သီချင်းများကို ဝယ်ယူသည့် အခါတိုင်း SMS Reply ကို စောင့်စရာမလိုပဲ တစ်ကြိမ် ငွေဖြည့်သွင်းထားရုံဖြင့် လွယ်ကူလျှင်မြန်စွာ ရွေးချယ်ဝယ်ယူနိုင်ရန် Feature အသစ်များ ပါဝင်သော MMS Android Appကို Google Play Store နှင့် 1 Mobile တို့တွင် 
Download ရယူနိုင်ပါသည်။









Google Play Store မရှိသူများ အောက်ပါ Link တွင် Download လုပ်နိုင်ပါသည်။



Ref ; MyanmarMusicStore

အားပေးနေသော Mobile User အားလုံးကို အစဉ်လေးစားလျက်ပါ။


www.myanmarmobileapp.com/
-------------------------------------- 

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...