ZTE က Nubia Z7, Z7 Max နှင့် Z7 Mini တို့ကို ပြသ

ZTE က Nubia Z7, Z7 Max နှင့် Z7 Mini စမတ်ဖုန်းများကို ပြသ လိုက်ပါသည်။

ZTE Nubia Z7
-----------------
ZTE Nubia Z7 သည် LG G3 နှင့် တူညီသည့် ၅.၅ လက်မ QHD Display နှင့် Snapdragon 801 Chipset ကို တပ်ဆင် ထားပါသည်။ Android 4.4 KitKat ကို Nubia UI 2.0 နှင့် ပေါင်းစပ် အသုံးပြုထား ပါသည်။ 3GB RAM အပြင် ဘက်ထရီကို သက်သာစေရန် Chipset ကို အသုံးပြုရန်မလိုသည့် Display RAM ပါရှိပါသည်။ LG ကလည်း အဆိုပါ စွမ်းဆောင်ချက်မျိုးကို G2 တွင် မိတ်ဆက်ခဲ့ပါသည်။ အနောက် ဘက်တွင် Optical Image Stabilization နည်းပညာပါသည့် 13 MP Camera နှင့် အရှေ့ဘက်တွင် 5 MP Camera တပ်ဆင်ထားပါသည်။
ဖုန်းတွင် SIM Card နှစ်ခု အသုံးပြုနိုင်ပြီး နိုင်ငံတကာ စံနှုန်းဖြစ်သည့် FDD-LTE ကို အထောက်အပံ့ပေး ပါသည်။ ထို့အပြင် တရုတ်တွင် အသုံးပြုသော LTE စံနှုန်းကိုလည်း အသုံးပြုနိုင်သည်ဟု သိရပါသည်။ Dual-Band WiFi 802.11 ac နှင့် 3000mAh Battery ပါရှိပါသည်။ အရွယ်အစား အပြည့်အစုံမှာ 139 x 71 x 9mm ဖြစ်ပြီး တရုတ်ယွမ် ၃၄၅၀ (ဒေါ်လာ ၅၅၀) ဖြင့် ရောင်းချမည်ဖြစ်သည်။

ZTE Nubia Z7 Max
------------------------
ZTE Nubia Z7 Max သည် Nubia Z7 ၏ Screen Resolution ကို 1080p သို့ လျှော့ချထားပြီး စွမ်းဆောင်ချက် အချို့ကို ဖယ်ရှားထားသည့် အမျိုးအစားဖြစ်ပါသည်။ မျက်နှာပြင် အရွယ်အစားမှာ ၅.၅ လက်မဖြစ်ပြီး အရွယ်အစား အပြည့်အစုံမှာ 152.7 x 76 x 8.7mm ဖြစ်ပါသည်။ Snapdragon 801 Chipset , 2GB RAM ပါရှိပါသည်။ Android 4.4 KitKat ကို Nubia UI 2.0 နှင့် ပေါင်းစပ် အသုံးပြုထား ပါသည်။ SIM Card နှစ်ခု နှင့် LTE အသုံးပြုနိုင်ပါသည်။ တရုတ်ယွမ် ၂၀၀၀ (ဒေါ်လာ ၃၂၀) ဖြင့် ရောင်းချမည်ဖြစ်သည်။

ZTE Nubia Z7 Mini
-----------------------
ZTE Nubia Z7 Mini တွင် ငါးလက်မအရွယ် 1080p Display တပ်ဆင်ထားပါသည်။ Android 4.4 ကို Nubia UI 2.0 ဖြင့် တွဲဖက်အသုံးပြုထားပါသည်။ Snapdragon 801 Chipset , 2GB RAM, 16GB Storage ပါရှိပါသည်။ SIM Card နှစ်ခု အသုံးပြုနိုင်ပြီး LTE ကို အထောက်အပံ့ပေးပါသည်။ အနောက် ဘက်တွင် 13 MP Camera နှင့် Selfie ရိုက်ရန် 5 MP Camera ပါရှိပါသည်။ အရွယ်အစား အပြည့်အစုံ မှာ 140.9 x 69.3 x 8.2mm ဖြစ်ပြီး အလေးချိန်မှာ ၁၄၃ ဂရမ် ဖြစ်ပါသည်။ 2300mAh Battery ပါရှိပါ သည်။ တရုတ်ယွမ် ၁၅၀၀ (ဒေါ်လာ ၂၄၀) ဖြင့် ရောင်းချမည် ဖြစ်သည်။

အမျိုးအစား သုံးမျိုးစလုံးတွင် MicroSD Card အသုံးပြုနိုင်ပါသည်။


ref; Myanmar Digital Life Journal
--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...