တစ်ဖက်သတ် သရဖူ အသိမ်းခံ ခဲ့ရကြောင်း ဖွင့်ဟတဲ့ ထားထက်ထက်နဲ့ ခင်ဝင့်ဝါ

ဓာတ်ပုံ−ကျော်ဇင်သန်း 

မကြာသေးမီက သရဖူ လွှဲပြောင်းခွင့် ပိတ်ပင်ခြင်း ခံခဲ့ရ သော အလှမယ် ထားထက်ထက်နှင့် ခင်ဝင့်ဝါတို့က ၎င်းတို့ကို အကြောင်း ပြချက် တစ်စုံတစ်ရာ မပေးဘဲ ပိတ်သိမ်း ခံခဲ့ရခြင်းဖြစ် ကြောင်း ပြောကြားလိုက်သည်။

နှစ်ဖက်စာချုပ် သက်တမ်းသည် ဩဂုတ် ၁၅ ရက်တွင် ကုန်ဆုံး သည့်အတွက် သရဖူသိမ်းခံရခြင်းကိစ္စကို ယခုပြန်လည်ဖြေရှင်း သည့်အနေဖြင့် မီဒီယာအချို့နှင့် တွေ့ဆုံရှင်းလင်း ခဲ့ခြင်းဖြစ် ကြောင်း ၎င်းတို့ကပြောသည်။ စာချုပ်စည်းကမ်း ဖောက်ဖျက်လျှင် သိန်း ၉၀၀ ပေးလျော်ရ မည်ဖြစ်၍ စာချုပ်သက်တမ်း ကုန်ဆုံးမှသာ ဖွင့်ဟခြင်းဖြစ်သည်ဟု ၎င်းတို့ကပြောသည်။

‘‘ဘာပြစ်ချက်ရှိတယ်ဆိုတာလည်း မပြောဘဲနဲ့ သရဖူလွှဲခွင့် မပေးဘူး’’ဟု ထားထက်ထက်က ပြောသည်။

၂၀၁၄ ခုနှစ် ဩဂုတ် ၂၄ ရက်က ထားထက်ထက်၊ ခင်ဝင့်ဝါနှင့်၎င်းတို့၏ အဖွဲ့အစည်းတို့ ကြား ချုပ်ဆို ထားသော စာချုပ်တစ်နှစ် ပြည့်သွားခဲ့ပြီး စာချုပ်ကာလအတွင်းတွင် ၎င်းတို့နှစ်ဦး၏ အနုပညာကြေးထဲမှ ၃၀ ရာခိုင်နှုန်းကိုလည်း မပျက်မကွက် ပေးသွင်းခဲ့ကြောင်း ၎င်းတို့နှစ်ဦးကပြောသည်။

တာဝန်ထမ်းဆောင်ရသည့် တစ်နှစ်အတွင်းတွင် အဖွဲ့အစည်း မှစီစဉ်သော ပရဟိတခရီးစဉ် တစ်ခုသာ ရှိခဲ့ပြီး မိမိတို့လုပ်ဆောင်ခဲ့ သော ပရဟိတများကို ကိုယ်တိုင် အသိစိတ်ဖြင့်သာ လုပ်ဆောင်ခဲ့ပြီး အလှမယ် တစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်ကြောင်း ထားထက်ထက်ကပြောသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး ၎င်းတို့၏ အဖွဲ့အစည်းဖြစ်သော Miss Golden Land Myanmar မှ ကိုဝေယံအောင် က ‘ပြစ်ချက် မပြနိုင်တာ မဟုတ်ဘူးဗျ။ သူတို့ ဂုဏ်သိက္ခာကို ထိခိုက်မှာစိုးလို့ မပြတာဘဲ ရှိတာပါ။ ပြစ်ချက်တွေ အများကြီး၊ ပြောစရာတွေအများ ကြီးရှိတယ်’’ဟု ပြန်လည် တုံ့ပြန်ခဲ့သည်။


7Day Daily
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...