ဆီးပူခြင်းအတွက် သဘာဝဆေးနည်း

ဆီးပူ၊ ဆီးအောင်၊ ဆီးနာ၍ ဆီးသွားလျှင် နာကျင် ခံစား နေရပါက အောက်ပါ ရိုးရာသဘာဝ ဆေးနည်းလေးဖြင့် ကုသနိုင်ကြ ပါတယ်။

ဆေးပြုလုပ်နည်း


၁။ ကြက်သွန်နီ အနေတော် (၁)လုံးကို ကြိတ်၍ဖြစ်စေ၊ ထုထောင်း၍ဖြစ်စေ အရည်ရအောင် ညစ်ယူပါ။

၂။ လက်ဖက်ရည် ပန်းကန် တစ်လုံးစားခန့် ရေထည့်၍ အရည် ဖျော်လိုက်ပါ။

၃။ ကြက်သွန်ဖတ်များကို ဆယ်ထုတ်၍ အရည်ကို သကြားအနည်းငယ်( ချို၍ သောက်နိုင်ရုံ)ခန့် ရော၍ မနက် တစ်ကြိမ်၊ ညတစ်ကြိမ် သောက်ပေးပါ။

ဆီးပူ ဆီးအောင့်များ သက်သာပျောက်ကင်းသွားပါမည်။


စောနွဲ့ နေဆိုင်(ကျန်းမာရေးသတင်းများ)
ကိုးကား။ ။ မြန်မာ့ရိုးရာဆေးကျမ်းများ
ကျန်းမာရေးသတင်းများ
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...