အရွယ် မရောက်သေးသည့် မိန်းကလေးနှင့် လက်ထပ်လျှင် ထောင်နှစ်နှစ် ချမှတ်မည့် ဥပဒေ ဘင်္ဂလားဒေ့ရှ်တွင် အတည်ပြု

ငွေရေးကြေးရေး အခက်အခဲကြောင့် အသက် ၁၈ နှစ်အောက် အရွယ် မရောက်သေးသူ မိန်းကလေးကို လက်ထပ်မှုတွင် ပတ်သက်သူ မည်သူမဆို ထောင်ဒဏ် နှစ်နှစ် ချမှတ်မည့် ဥပဒေကို ဘင်္ဂလားဒေ့ရှ်တွင် စက်တင်ဘာ ၁၅ ရက်က အတည်ပြုလိုက်ရာ ထိုနိုင်ငံ တွင် နာမည်ဆိုးဖြင့် ကျော်ကြားသည့် ကလေးသူငယ် လက်ထပ်မှုနှုန်း မြင့်မားမှုကို လျှော့ချရန် ကြိုးပမ်းမှုဖြစ် သည်။

ဘင်္ဂလားဒေ့ရှ် မိန်းကလေး သုံးပုံနှစ်ပုံသည် အရွယ် မရောက်မီ လက်ထပ်ရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်မှုအသစ် ပြုလုပ်အပြီး ရက်ပိုင်းအတွင်း ယခုဥပဒေ ထွက် ပေါ်လာခြင်း ဖြစ်သည်။ ယခုဥပ ဒေအရ မိဘ၊ အုပ်ထိန်းသူများ၊ ပြု စုစောင့်ရှောက်သူများအပြင် လက်ထပ်ပေးသူ များကိုပါ အရေးယူရန် ရည်ရွယ်သည်။

ပြုစုစောင့်ရှောက်သူ၊ လက်ထပ် ထိမ်းမြားပေးသူ၊ အုပ်ထိန်းသူများ အပါအဝင် မည်သူမဆို ကလေးသူငယ် လက်ထပ်မှုတွင် တာဝန်ရှိ သူမှန်သမျှကို နှစ် နှစ်အထိ ထောင်ဒဏ်ချမှတ်နိုင် ကြောင်း အစိုးရအဖွဲ့ အတွင်းရေး မှူး ဟိုစိန်ဘူအီယန်က ပြောကြား ခဲ့သည်။

ဘဂ်လားဒေ့ရှ်၏ လက်ရှိ တရားဝင် လက်ထပ်နိုင်သည့် အသက်မှာ မိန်းကလေးများ အတွက် ၁၈ နှစ်၊ ယောက်ျား လေး များအတွက် ၂၁ နှစ်ဖြစ်သည်။ယခင်က ကလေးသူငယ် လက်ထပ်မှုအတွက် သုံးလ ထောင်ဒဏ် သတ်မှတ် ထားသော်လည်း ထို ဥပဒေမှာ အသက်မဝင်လှပေ။

ယခုဥပဒေသစ်ကို ကျင်းပဆဲ ပါလီမန်လွှတ်တော်မှ အတည်ပြုဖွယ်ရှိပြီး အရွယ် မရောက်သေးသူ ယောက်ျားနှင့် လက်ထပ်သည့် မိန်းကလေးနှင့် မိန်းမများကိုမူ အပြစ်ပေးမည် မဟုတ်ကြောင်း ဘူအီယန်က ပြောသည်။ မိမိတို့က လူတွေကို ထောင် မချလိုသော် လည်း အလေ့အထဆိုး ကို ဟန့်တားရန် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဘင်္ဂလားဒေ့ရှ်တွင် ကလေးသူငယ် လက်ထပ်နှုန်း မြင့် မားခြင်းသည် မိန်းကလေးများ အပေါ် လိင်ပိုင်းဆိုင်ရာ အမြတ် ထုတ်မှုနှင့် အိမ်တွင်း အကြမ်းဖက် မှုနှုန်း မြင့်မားစေနိုင်ကြောင်းဖြင့် ပြီးခဲ့သည့်အပတ်က ထုတ်ပြန်သည့် ယူနီဆက်ဖ် အစီရင်ခံစာ တွင် ဖော်ပြခဲ့ သည်။ 


နေသူရိန် (မန်း)
ဈေးကွက်ဂျာနယ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...