ပျားရည် အတုအစစ် ခွဲခြား သိစေရန်

ပျားရည်ဂုဏ် ၊ အရည်အသွေးအရ ပျားရည်စစ် ၊ မစစ် ကို မီးခြစ်ဆံ ထိပ်ဖြားတွင် ပျားရည်စက်တို့ ၍ မီးခြစ်နိုင်ခြင်း ၊ သတင်းစာ စက္ကူပေါ်တွင် ပျားရည်စက်ကို တင်ကြည့် လျှင် အောက်သို့ ပေါက်ကျ မသွားဘဲ ဘေးသို့  အစို ဓာတ်ပြန့် သွားခြင်း ၊ ပျားရည် တစ်ဇွန်းနှင့် စားဆီသန့်  တစ်ဇွန်းကို ရောမွေကြည့်ပါက ပျားရည် တစ်ဇွန်းသာ ရရှိခြင်း ၊ ပျားရည်ကို ပုလင်းတွင် အပြည့်ထည့်ပါက အပူလွန်ကဲပြီး ပုလင်းဖင်ကျွံကာ ပေါက်ကွဲထွက်ခြင်း စသည့် နည်းများဖြင့် စမ်းသပ်နိုင်ပြီး ပျားရည်၏ စသည့် ဂုဏ်များဖြင့် ပြည့်စုံသည် ။

နှစ်လွန် သိုလှောင်ထားသော ပျားရည်သည် ဆေးဖက်ဝင်၍ အရောင်မှာ အဝါမှ အညိုရောင် ၊ အမည်းရောင်သို့ ပြောင်းသွားသော်လည်း ဆေးဖော်စပ် သူများအတွက် အကောင်းဆုံး ဆေးဖက်ဝင် ပျားရည်ဘဲ ဖြစ်ပါတော့သည် ။

( သိထားသင့်လို့ တင်ပြသည် Mg Mandalay )

https://www.facebook.com/mg.mandalay
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...