လေယာဉ်ပျံပေါ်ကို ဆိုင်ကယ်နဲ့ ကျော်ဖြတ်ပြ

ဆိုင်ကယ်မောင်းနှင်သူ တွေဟာ ထူးခြားတဲ့ စတန့်ပြကွက် အမျိုးမျိုး ပြုလုပ်ခဲ့ကြ ပါတယ်။ ဒါပေမဲ့ ပျံသန်းနေတဲ့ လေယာဉ်ပျံ ပေါ်ကို ဆိုင်ကယ်နဲ့ ကျော်ဖြတ် ပြတဲ့ ပြကွက်မျိုး ကိုတော့ မြင်တွေ့ဖို့ မလွယ်ပါဘူး။ ဘာဖြစ်လို့ လည်း ဆိုတော့ အလွန်ခက်ခဲတဲ့ လုပ်ဆောင် ချက်ဖြစ်နေတာ ကြောင့်ပါ။ ဒါပေမဲ့ ပျံသန်းနေ တဲ့ လေယာဉ်ပျံပေါ် ကနေ ဆိုင်ကယ်နဲ့ကျော် ဖြတ် တဲ့ ပြကွက်ကို တောင်အာဖရိက နိုင်ငံသားနှစ်ဦး အောင်မြင်စွာ လုပ်ပြနိုင် ခဲ့ပါတယ်။ ဆိုင်ကယ်စီးသမား နစ်ဒီဝစ်နဲ့ လေယာဉ်မှူး ဂလင်းဒဲလ်တို့ဟာ တောင်အာဖရိက နိုင်ငံရှိ လေယာဉ်ကွင်း တစ်ခုမှာ ထူးခြားတဲ့ စတန့်ပြကွက်ကို အောင်မြင်စွာ ပြုလုပ်နိုင်ခြင်း ဖြစ်ပါတယ်။ ဒီပြကွက်ကို ပြသနိုင်ဖို့ နှစ် နှစ်နီးပါး အချိန် ယူ ပြင်ဆင်ခဲ့ရတယ်လို့ သိရပါတယ်။ နစ်ဒီဝစ်နဲ့ ဂလင်းဒဲလ် ဆို့ဟာ အကြိမ်ကြိမ် တိုင်ပင်ပြီး အကောင်း ဆုံး ဖြစ်အောင် လုပ်ဆောင်ဖို့ ကြိုးစားခဲ့ကြပါတယ်။

လေ့ကျင့်မှုတွေ ကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။ နစ်ဒီဝစ်ဟာ ချိန်သားကိုက် ဆိုင်ကယ်ကို မောင်းနှင်လာချိန်မှာ ဂလင်းဒဲလ် ကလည်း လေယာဉ်ပျံ ကို မောင်းနှင်လာ ပါတယ်။ နှစ်ဦးစလုံးရဲ့ ချိန်သားကိုက်မှုက အလွန် အရေးကြီးပြီး အမှားအယွင်း မရှိအောင် စွမ်းဆောင်နိုင် ခဲ့တာမို့ ချီးကျူးခံ ခဲ့ရပါတယ်။ နစ်ဒီဝစ်ဟာ ဆိုင်ကယ်နဲ့ ပျံသန်းနေတဲ့ လေယာဉ်ပျံကို ကျော်ဖြတ်ရာမှာ ရိုးရိုးမဟုတ်ဘဲ ကျွမ်းထိုးတဲ့ ပုံစံမျိုးနဲ့ ကျော်ဖြတ် ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီပြကွက်ကို အလွန် လူကြိုက်များခဲ့ပေမယ့် လေယာဉ်မှူး ဂလင်းဒဲလ်ဟာ လေယာဉ်ပြပွဲ တစ်ခုမှာ မတော်တဆ ဖြစ်မှုကြောင့် သေဆုံးသွားလို့ ၀မ်းနည်း စရာဖြစ်ခဲ့ပါတယ်။ ဂဘင်းဒဲလ်ဟာ ၀ါရင့်လေ ယာဉ်မှူးတစ်ဦး ဖြစ်သလို ပျံသန်းချိန် နာရီပေါင်း (၂၅၀၀၀)ကျော်ရှိထားပြီး လေယာဉ် အမျိုးအစား (၂၅၀) ကျော်ကိုလည်း ကိုင်တွယ် မောင်းနှင်ခဲ့ဖူးတယ်လို့ သိရပါတယ်။


The Messenger
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...