Facebook က ခြေရာဖျောက်၍ Chat ပြုလုပ်နိုင်သော Rooms App ကို ဖြန့်ချီ

Facebook က အစောပိုင်း အင်တာနက် ခေတ်တွင် အသုံးပြုကြသော ခြေရာဖျောက်၍ ဆက်သွယ်မှု များ ပြုလုပ်နိုင်သည့် နည်းလမ်းကို App အနေဖြင့် ပြန်လည် ဆန်းသစ် လိုက်ပါသည်။

Facebook က Rooms ဟု အမည်ရသော App ကို ကြေညာလိုက်ပြီး အသုံးပြုသူများအနေဖြင့် Group သို့မဟုတ် Chat Room များတွင် Chat ပြု လုပ်နိုင်မည် ဖြစ်သည်။ App ကို အီးမေးလိပ်စာ သို့မဟုတ် အမည်ပြောင်တစ်ခုဖြင့် အသုံးပြုနိုင်ပြီး Facebook အကောင့် မလိုအပ်ပါ။ App တွင် ဓါတ်ပုံများ၊ ရုပ်ရှင်များနှင့် စာသားများကို ပေးပို့ ရယူနိုင်ပါ သည်။ Group များကို ကဏ္ဍအလိုက် ဖန်တီးနိုင်ပါသည်။

Facebook သည် Messenger, WhatsApp, Slingshot စသည့် Messaging App များကို ဖြန့်ချီပြီး ဖြစ်သော်လည်း Rooms သည် နေရာတစ်နေရာ ရရှိအုံးမည်ဟု Facebook က ယုံကြည်နေ ပါသည်။ ဥပမာ အားဖြင့် ခြေရာဖျောက်၍ ပို့စ်တင်နိုင်ခြင်း ဖြစ်ပါသည်။

Rooms ကို iOS အတွက် ပြုလုပ်ပေးထားပြီး အမေရိကန် ၊ ဗြိတိန်နှင့် အင်္ဂလိပ် ဘာသာစကား အသုံးပြုသော နိုင်ငံများတွင် အသုံးပြုနိုင်မည် ဖြစ်သည်။ Android အတွက် မည်သည့် အချိန်တွင် Rooms ကို ဖြန့်ချီပေးမည်ဆိုသည်ကို မသိရသေးပါ။


http://wp.me/p53MHN-dr
Myanmar Digital Life Journal--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...