အိမ်သန့်ရှင်းအောင်နေထိုင်သည့် သက်ကြီးရွယ်အိုများ ကျန်းမာရေး ကောင်းမွန်
Health Updates Journal No. 166
နေအိမ်ကို သန့်ရှင်းသပ်ရပ် အောင် အားထုတ် လုပ်ကိုင်သည့် သက်ကြီးရွယ်အို များသည် စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပိုမိုကောင်း မွန်ကြကြောင်း လေ့လာ မှုတစ်ခုတွင် ဖော်ပြထားသည်။
မိမိတို့နေအိမ်ကို သန့်ရှင်း စင်ကြယ်စေရန် ကြိုးစားအားထုတ် နေသည့် သက်ကြီးရွယ်အို များသည် အိမ်နီးချင်း၊ ၀င်ငွေ စသည့်အချက် များထက် သန့်ရှင်းသပ်ရပ် မှုကြောင့် ကျန်းမာရေး ပိုမိုကောင်းမွန်ကြ ကြောင်း သုတေသနတွင် တွေ့ရှိ ထားသည်။
အိမ်နီးချင်း ပတ်ဝန်းကျင် ဆင်းရဲချို့တဲ့တာဟာ စိတ်ပိုင်းဆိုင် ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို တိုက်ရိုက်သက်ရောက်မှုမရှိပါဘူး။ လှုပ်ရှားမှုနည်းတဲ့ သက်ကြီးရွယ်အို တွေဟာ လက်ဆန့်ခြေဆန့်လုပ်တာ၊ ထိုင်ထလုပ်တာတဲ့ လေ့ကျင့်ခန်း လေးလောက်တော့ ပြုလုပ်သင့်ပါ တယ် ဟု အမေရိကန်နိုင်ငံ Case Western Reserve University မှ Dr. Kathy Wright က ဆိုသည်။
သုတေသနတွင် အသက် (၆၅) နှစ်မှ (၉၄) နှစ်အတွင်း သက်ကြီးရွယ်အို (၃၃၇) ဦးပါဝင်ခဲ့ သည်။ ၎င်းင်းတို့ကို အမေးအဖြေများ ပြုလုပ်ခဲ့ပြီး နောက်ခံအချက်အလက် များ၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်း ဆိုင်ရာ ကျန်းမာမှုများကို စစ်ဆေးခဲ့ သည်။
နေအိမ်ကို သန့်ရှင်းသပ်ရပ် နေအောင် ပြုပြင်စီမံတတ်သည့် သက်ကြီးရွယ်အိုများသည် ကိုယ် လက်လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ် ဖြစ်သောကြောင့် လည်းကောင်း၊ အလုပ်ပြီးမြောက်သည့် ခံစားမှု ရရှိ သောကြောင့်လည်းကောင်း စိတ် ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ တိုးတက် မှုများရရှိသည်ကို တွေ့ရကြောင်း သုတေသီများကဆိုသည်။
သုတေသနကို Geriatric Nursing ဆေးပညာဂျာနယ်တွင် ဖော်ပြထားသည်။
ဇော်ကို
Ref; MDI

--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) Music Button for iOS 7&8+ (Jailbreak) ဘန္နီၿဖိဳး ရဲ့ 'လူပျိုလှည့်တေး' စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Samsung Multipackage Firmware Collection I Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းJAVA leaning Myanmar (PDF) သားအိမ်ခေါင်း ကင်ဆာအတွက် လမ်းညွှန်ချက်
- (အနောကျသို့) ဆေးထိုးရာတွင် မနာကျင်စေမည့် နည်းလမ်းသစ် ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Samsung Multipackage Firmware Collection I Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းJAVA leaning Myanmar (PDF) သားအိမ်ခေါင်း ကင်ဆာအတွက် လမ်းညွှန်ချက်