အသက် (၁၀၀) ထိရှည်အောင် ဘယ်လိုနေမလဲ
By မြတ်ဆုကို
ခန္ဓာသွယ်လျ ကျစ်လျစ်အောင် ထိန်းထားခြင်း၊ ဆေးလိပ်ရှောင် ခြင်း၊ တစ်နေ့ ကော်ဖီလေးခွက်ထက် ပိုမသောက်ခြင်းသည် အသက် ၁၀၀ ထိ နေနိုင်စေမည့် အသေချာဆုံး နည်းလမ်း ဖြစ်သည်ဟု သိပ္ပံ ပညာရှင် များက ဆိုလိုက်သည်။
ပြီးခဲ့သည့် နှစ်ငါးဆယ် တောက်လျှောက် ဂိုသင်ဘာ့ဂ်ျ တက္ကသိုလ်မှ ပညာရှင်များသည် ၁၉၁၃ တွင် မွေးဖွားခဲ့ ကြသော အမျိုးသား (၈၅၅) ဦးကို လေ့လာခဲ့ ကြသည်။ ထိုသူများ အနက် ဆယ်ဦးသည် အသက်တစ်ရာထိ နေထိုင်ခဲ့ကြသည်။ အသက် တစ်ရာထိ ရှည်သူများ၏ ကျန်းမာရေး အထောက်အကူပြု အဓိကအချက် များကို ထုတ်နုတ်ကြည့်ရာ တူသည့် အချက်များကိုတွေ့ ရသည်။ အသက် (၅၀) ၀န်းကျင်မှာ ကိုယ်ပိုင် အိမ်လေးနဲ့ မပူမပင် နေထိုင်နိုင်ခြင်း သည်လည်း အသက် တစ်ရာထိ ရှည်သူ များတွင် တူညီသော တစ်ချက် ဖြစ်သည်။ ကိုယ်ပိုင် အိမ်လေးနဲ့ နေနိုင် ခြင်းကြောင့် လူသည်ပို၍ စနစ်တကျ ရှိကာ ကျန်းမာသက်ရှည်ခြင်းအတွက်ပါ အထောက်အကူ ပြုသည်။ အသက်တစ်ရာထိ ရှည်သူ များသည် သက်လတ်ပိုင်း အရွယ်ကစပြီး ကျန်းမာရေး လိုက်စားကြ သလို၊ အသက်ရှည်သည့် မိခင် ရှိခြင်းတည်း ဟူသော အချက်တွင်လည်း တူညီနေကြ ပြန်သည်။
စစ်တမ်း ပါဝင်သူ များ၏ (၂၇) ရာခိုင်နှုန်း ထိသည် အသက် (၈၀) ကျော်ထိ ရှည်ခဲ့ကြ သလို (၁၃) ရာ ခိုင်နှုန်းသည်လည်း (၉၀) ကျော်ထိ ရှည်ခဲ့ကြသည်။ အသက် (၈၀) ကျော်ပြီးမှ သေဆုံးသူ များ၏ (၄၂) ရာခိုင်နှုန်းသည် နှလုံးရောဂါဖြင့် သေဆုံးသည်။ (၂၀) ရာခိုင်နှုန်းက ကူးစက်ရောဂါ တစ်မျိုးမျိုး၊ (၈) ရာခိုင်နှုန်းက လေဖြတ်၊ (၈) ရာခိုင် နှုန်းက ကင်ဆာ၊ (၆) ရာခိုင်နှုန်းက အဆုတ်ရောင် အအေးမိ၊ (၁၆) ရာခိုင်နှုန်းက အမျိုးမျိုးသော လူကြီးရောဂါ များကြောင့် ဖြစ်သည်။
နှစ်ငါးဆယ်ကျော်ကြာ လေ့လာမှုတွင် ပါဝင်ခဲ့သော ဒေါက်တာ လားစ်ဝီလ်ဟဲဆန်က အသက် (၈၀)၊ (၉၀) ၊ (၁၀၀) ထိ နေခဲ့သူ များ၏ တူညီသော အချက်များကို စနစ်တကျ စာရင်းပြုစုနိုင် ခြင်းကြောင့် နောက်လူများ အသက်ရှည် ရာရှည်ကြောင်း ကျင့်သုံးနိုင်မည့် ဘ၀နေမှု ဓလေ့ကောင်း များကို သိရှိနိုင်ပြီဟု ဆိုသည်။ အသက် တစ်ရာမှတ်ထိ နေချင်သူတွေကို အကောင်းဆုံး အကြံပေးလိုတာ ကတော့ ဆေးလိပ် ရှောင်ပါ၊ ခန္ဓာကိုယ် ကျစ်လျစ်သွယ် လျအောင် ထိန်းသိမ်းပါ၊ တစ်ရက် ကော်ဖီလေးခွက်ထက် ပိုမသောက်ပါနဲ့ ဆိုတာပဲ ဖြစ်ပါတယ် ဟု ဒေါက်တာ လားစ်က ပြောသည်။
မိခင် အသက်ရှည်ပါက သား သမီးပါ အသက်ရှည် တတ်ကြောင်းလည်း ယခုစစ်တမ်းက ထောက်ပြသည်။ ဖခင် အသက်ရှည်ခြင်းသည်ကား မိခင်လောက် သားသမီးများ၏ အသက်အပေါ် မလွှမ်းမိုးကြောင်းလည်း ဒေါက်တာလားစ်က ပြောသည်။ မျိုးဗီဇက လွှမ်းမိုးသည် မှန်သော်လည်း မျိုးဗီဇ ထက်ဝန်းကျင် သက်ရောက်မှုနှင့် နေမှုပုံစံက အသက်ရှည်ခြင်း တိုခြင်း အပေါ် ပိုသက်ရောက်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
လေ့လာမှုတွင် အသက် (၁၀၀) ထိရှည်သူ (၁၀) ဦးအနက် နှစ်ဦးသည် ဦးနှောက် စွမ်းရည်ကျ ရောဂါကြောင့် လေ့လာခံအဖြစ်မှ နုတ်ထွက် သွားသည်။ တစ်ဦးသည်ကား ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့် နုတ်ထွက် သွားသည်။ ကျန်ခုနစ်ဦး အနက် နှစ်ဦးသည် အိမ်မှာ မိသားစုနဲ့ နေပြီး ကျန် ငါးဦးကား သက်ကြီး စောင့်ရှောက်ရေးဂေဟာတွင် နေထိုင်သည်။
ဆယ်ဦးလုံး ဆေးလိပ် မသောက်။ အချိန်နှင့် တည်နေရာကို မှတ်သား နိုင်စွမ်းရှိကြတုန်း ဖြစ်သည်။ အားလုံးတွင် တူညီသော တစ်ချက်ကား ပိန်သွယ် ကျစ်လျစ်ကြခြင်း ဖြစ်သည်။ အားလုံးသည် ဆေးဘက်ဆိုင်ရာ အဆင့် သတ်မှတ်ချက် အရ ကျန်းမာသူများဟု ဆိုနိုင်သည်။ ၎င်းတို့၏ လက်ရှိ အခြေအနေကို ကျေနပ်အားရနေ ကြပြီး နေထိုင်ရသည့် နေရာကိုလည်း သဘောကျ ကြကြောင်း သိရသည်။ လေ့လာမှု စစ်တမ်း အပြည့်အစုံ ကို Scandinavian Cardiovascular ဂျာနယ်တွင် ထည့်သွင်း ဖော်ပြ ထားသည်။
Source: Daily Mail

The Messenger
http://www.messengernewsjournal.com/news/Health/detail.php?id=36021
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ကမ္ဘာပေါ်က လူတွေ ဘယ်လိုအိပ်နေ ကြလဲ ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..
- (အနောကျသို့) သမီးကိုပြောချင်တဲ့ စကားများ ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..