ပြန်ပြောမပြနိုင်သော အရာများ
ဟိုးရှေးရှေး တုန်းက ရွာကြီးတစ်ရွာ ရှိတယ်။ ရွာမြောက်ဘက်မှာ ထူးဆန်းတဲ့ တံတိုင်းကြီးတစ်ခု ရှိတယ်။ ဘယ်အချိန် ကတည်းက ဘယ်သူဆောက်ခဲ့တဲ့ တံတိုင်းလည်းတော့ မသိဘူး။ နှစ်ပေါင်း ဘယ်လောက် ကြာမှန်း မသိတဲ့ တံတိုင်းကြီးရဲ့ တစ်ဘက်မှာ ဘာတွေ ရှိသလဲဆိုတာ လူတိုင်း သိချင်ကြတယ်။ ဒါပေမဲ့ ဘယ်သူမှ မစူးစမ်းရဲကြဘူး။
တံတိုင်းပေါ်ကို သိချင်လို့ တက်သွားတဲ့ သူတိုင်းဟာ ပြန်ဆင်း လာလေ့ မရှိဘူး။ တံတိုင်းပေါ်ရောက်တာနဲ့ ပျော်ရွှင်စွာ လက်တွေကို ဆန့်တန်း၊ ရွှင်မြူးစွာအော်ပြီး တစ်ဘက်ကို ခုန်ဆင်း သွားကြတာ များတယ်။ အဲဒီ လူတွေ ဘယ်တော့မှ ရွာကို ပြန်ရောက် မလာကြတော့ဘူး။
သိချင်စိတ်တွေ ပြင်းထန်ပေမယ့် ပျောက်သွား တတ်တာကြောင့် မစူးစမ်းရဲတဲ့ သူတွေကို တစ်နေ့တော့ လူတစ်ယောက်က အကြံပြုတယ်။ ခြေထောက်ကို ကြိုးချည်ပြီး တံတိုင်းပေါ် တက်သွားမယ်။ တံတိုင်းပေါ် ရောက်ရင် ဟိုဘက်မှာ ဘာရှိတယ်ဆိုတာကိုကြည့်။ ကြည့်ပြီးရင် ဟိုဘက်ကို ခုန်းမဆင်းနိုင်အောင် သူ့ကို ကြိုးနဲ့ ပြန်ဆွဲချမယ်လို့ သူကပြောတယ်။
ဒီလိုနဲ့ တံတိုင်းပေါ်ကို ဘယ်သူတက်မလဲလို့ မေးလိုက်တော့ အမျိုးသမီး တစ်ယောက်က သူတက်ကြည့်ပါရ စေလို့ တောင်းဆိုတယ်။ ဒါကြောင့် သူမကို ခြေထောက်မှာ ကြိုးနဲ့ချည်လိုက်ပြီး တံတိုင်းအထက် တက်စေ လိုက်တယ်။
အဲဒီအမျိုးသမီးက တံတိုင်းပေါ်ရောက်တော့ ပျော်ရွှင်စွာအော်လိုက်တယ်။ နောက်ပြီး လက်နှစ်ဘက်ကို ဆန့်တန်းပြီး တစ်ဘက်ကို ခုန်ချဖို့ပြင်တယ်။ ရွာသားတွေလည်း သူ့ကို အတင်း ဒီဘက်ပြန်ဆွဲချ လိုက်ရတယ်။
အောက်ကိုရောက်လာတဲ့ သူ့ကို ရွာသားတွေက ဟိုဘက်မှာ ဘာတွေ့သလဲလို့ ၀ိုင်းမေးကြတယ်။ ထူးဆန်းတာက အဲဒီအမျိုးသမီးဟာ ဘာတစ်ခွန်းမှ ပြန်မပြောနိုင်တော့ဘဲ အ,အကြီး တစ်ယောက် လိုဖြစ်သွားတယ်။
လောကကြီးမှာ
- မြင်တာကို မပြောနိုင်တဲ့သူ
- မြင်တာကို မထုတ်ဖော်နိုင်တဲ့သူ
- မြင်တာကို သရုပ်မဖော်နိုင်တဲ့ သူတွေအများကြီး ရှိတယ်။
လောကမှာ ထုတ်ဖော်မပြောနိုင်တဲ့၊ သရုပ်ဖော်မပြနိုင်တဲ့ အရာတွေ အများကြီး ရှိနိုင်တယ်။
(Osho ၏ တရားတစ်ပုဒ်မှ ကောက်နုတ်ဖော်ပြပါသည်)
၁၂.၅.၂၀၁၅

https://www.facebook.com/tin.nyunt.338?fref=nf
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) Fix Sensor Error For Samsung Galaxy Neo Plus I9060i ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..
- (အနောကျသို့) နှစ်ခါသေမှာ စိုးရိမ်လို့ ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..