Play Box
iOS device များတွင် internet connection အသင့်အတင့် ကောင်းရုံမျှဖြင့် နောက်ဆုံးထွက် ရုပ်ရှင်ကားများ၊ တီဗီဇာတ်လမ်းတွဲများကို စာတန်းထိုး (အချို့ရုပ်ရှင်များအတွက် မြန်မာစာတန်းထိုးပါ ရရှိ) နှင့်တစ်ကွ ရုပ်သံ အရည်အသွေး မျိုးစုံနှင့် ရွေးချယ် ကြည့်ရှု၊ Download လုပ်နိုင်မည့် Application တစ်ခုကို မိတ်ဆက်ပေးပါရစေ..
"Play Box" App သည် iOS သမားများနှင့် အကျွမ်းတစ်ဝင် ရှိထားပြီးသော "Movie Box" App ထက် ပိုမိုသာလွန် ကောင်းမွန်ပြီး Jailbreak လုပ်စရာမလို သွင်းယူနိုင်ပြီး iPhone, iPad, iPodTouch အားလုံးတို့တွင် ကောင်မွန်စွာ အလုပ်လုပ်နိုင်ပါတယ်....။
ဒီနေရာ "PlayBox" နဲ့ ပက်သက်တာလေး နည်းနည်း ပြောပြပါရစေ...
"Play Box" App စ, ပေါ်လာချိန်က Apple AppStore တွင် တရားဝင် download ရယူနိုင်ခဲ့ပါတယ်၊ သို့သော် Movies များကို Trailer အဖြစ်သာ ကြည့်ရှုနိုင်ပြီး ရုပ်ရှင်ကားများကို In App Purchase နည်းနဲ့ ရောင်းချဖို့ ရည်ရွယ်ခဲ့ပါတယ်...။
သိပ်မကြာခင်မှာ AppStore ကနေ ပယ်ဖျက် ခံလိုက်ရပါတယ်။ နောက်ပိုင်းမှာ PlayBox ရဲ့ Official website ကနေ တိုက်ရိုက် install လုပ်နိုင်အောင် ပြုလုပ်ပေးခဲ့ပြီး (Date & Time) ကို နောက်ပြန်လှည့်ခြင်း နည်းနဲ့ Install လုပ်ရပါတယ်။
သို့သော်လည်း နမူနာများသာ ကြည့်ရှုနိုင် ခဲ့တဲ့အတွက် အကျိုး သိပ်မရှိလို့ ကျွန်တော် ဒီအကြောင်းကို မတင်ပြဖြစ်ခဲ့ပါဘူး။ နောက်ပိုင်းမှာ Official website ကနေ၍လည်း Install လုပ်တာကို ပိတ်လိုက်ပြန်ပါတယ်...။
ထိုအချိန်က PlayBox ကို Install လုပ်ခဲ့နိုင်တဲ့ Jailbroken iDevice တွေမှာတော့ Official website က Install link ကို ဖျက်ချလိုက်ပြီးတဲ့ နောက်ပိုင်းမှာ Full Movies, TV Series တွေအားလုံကို ကြည့်လို့ ရသွားခဲ့ပါတယ်..။
အဲဒီအချိန်က စပြီး Jailbreak မလုပ်ထားတဲ့ iDevice တွေ အတွက် PlayBox သွင်းယူနိုင်မယ့် နည်းလမ်းကို မျိုးစုံ ကြံစည်ခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး (ကြာခဲ့ပါပြီ) PlayBox နဲ့ ရုပ်ရှင်တွေ ကြည့်တိုင်း ပေးချင်လွန်းလို့ မနေ့ကထိ ကြံစည်နေဆဲပါ။
ယနေ့တော့ စိတ်ကူးရတာနဲ့ Official website ကို ဝင်ကြည့်တဲ့အခါ New version 2.0 ကို Install လုပ်ခွင့် ပေးထားတာကို တွေ့လိုက်ရတာနဲ့ ယခုဆောင်းပါးကို ချက်ခြင်း ထရေးလိုက်ရပါတယ်။
ဆိုလိုချင်သည်မှာ ဘယ်တော့ ပြန်ပိတ်သွားမယ်ဆိုတာ မသိတဲ့ အတွက် ယခုချက်ခြင်းသာ Install လုပ်ကြပါလို့ တိုက်တွန်းလိုတာပါ...။
**PlayBoxHD**
>> Install လုပ်ရန် ဤနေရာကို နှိပ်ပါ။ (Mobile Browser မှသာ)
>> Install ကို နှိပ်ပြီးနောက် အောက်ပါပုံအတိုင်း ပေါ်လာပါမည် "Trust" ကို နှိပ်ပါ။
>> PlayBox player တွင် အနီရောင်ပြထားသော "CC" ကို နှိပ်ပြီး လိုချင်သော စာတန်းထိုးများကို download ပြုလုပ်နိုင်ပါသည်။ မည်သည့် စာတန်းထိုးကို မဆို အရုပ်နှင့် မကိုက်ညီပါက timing ချိန်ညှိပေးနိုင်သည်။
အဝါရောင် နေရာတွင် ရုပ်သံအရည်အသွေးကို ရွေးချယ်နိုင်ပြီး Default မှာ "Auto" ဖြစ်ပါတယ်။
အပြာရောင် နေရာမှ အဆိုပါ ရုပ်ရှင်ကို Device တွင် Download သိမ်းထားရန်။
playBox နဲ့ ဆန္ဒပြည့်ဝကြပါစေ...။
Jailbrake သမားများ PlayBox ကို သွင်းယူရာတွင် ခက်ခဲနေကြောင်း တွေ့ရပါသည်။
ဤနေရာကို နှိပ်၍ Official Website သို့ သွားရောက် လေ့လာပါ။
Credit; မိုးသိကြား
--------------------------------------
- (အရှေ့သို့) ဖေ့စ်ဘွတ် (Facebook) နဲ့ ပတ်သက်ပြီး လူသိနည်းတဲ့ အချက်တစ်ချို့ ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...ကိုယ့်ကို ကမ်းလှမ်းလာကြတဲ့ ဇာတ်အပေါ်မှာပဲ လက်ခံပြီးတော့ ရိုက်ကူးဖြစ်တယ်လို့ဆိုတဲ့ အိချောပို
- (အနောကျသို့) Music Button for iOS 7&8+ (Jailbreak) ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...ကိုယ့်ကို ကမ်းလှမ်းလာကြတဲ့ ဇာတ်အပေါ်မှာပဲ လက်ခံပြီးတော့ ရိုက်ကူးဖြစ်တယ်လို့ဆိုတဲ့ အိချောပို