နံရိုးပေါင်း ခေါက်ဆွဲ
နေ့လည်စာ၊ အစာပြေအဖြစ် လုပ်စားနိုင်ဖို့ နံရိုးပေါင်း ခေါက်ဆွဲပါ။ ဒီ နံရိုးပေါင်း ခေါက်ဆွဲမှာ တရုတ်ပဲအမဲအနှစ်က အခရာကျပါတယ်။ ပဲအမဲအနှစ်က ဟင်းလျာရဲ့ အရသာကို ချိုစိမ့်ပြီ ပိုမို ပေါ်လွင်စေပါတယ်။ ဒါကြောင့် ၀က်နံရိုးကို တရုတ်ပဲအမဲအနှစ်၊ ခရုဆီ၊ ဆန်ဝိုင်၊ ပဲငံပြာရည်၊ နှမ်းဆီတို့နဲ့ နာရီဝက်နုပ်ပြီမှ Pressurec cooker နဲ့ မိနစ် ၃၀ခန့် ပေါင်းထားပါတယ်။ လုပ်ရလည်း လွယ်တာမို့ ခုပဲ တူတူ ချက်ကြည့်ရအောင်…
နံရိုးပေါင်းတွင် ပါဝင်ပစ္စည်းများ
ဝက်နံရိုး – ၄၅၀ ဂရမ် (၁လက်မခွဲအရွယ် ပိုင်းဖြတ်ထားပါ)
ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
ဂျင်း – စားပွဲတင်ဇွန်း ၁ဇွန်း (ညက်အောင်ထောင်းပါ)
ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
တရုတ် ပဲအမဲအနှစ် – စားပွဲတင်ဇွန်း ၁ဇွန်း
ငရုတ်သီးစိမ်း – ၁တောင့် (ပါးပါးလှီးပါ)
ပဲငံပြာရည် – လက်ဖက်ရည်ဇွန်း ၃ဇွန်း
သကြား – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
ဆွမ်းအုပ် ဟင်းခတ်မှုန့်- လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
ခရုဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
ဆန်ဝိုင် – စားပွဲတင်ဇွန်း ၁ဇွန်း
ကော်မှုန့် – လက်ဖက်ရည်ဇွန်း ၂ဇွန်း
နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ငရုတ်ကောင်းမှုန့်(အဖြူ) – အနည်းငယ်
တခြား ပါဝင်ပစ္စည်းများ
ဂျုံမှုန့် – ၂၀၀ ဂရမ်
မုန့်ညှင်း – ၁စည်း (ရေနွေးဖျော်ထားပေးပါ)
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ဒယ်ထဲ ဆီထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးစိမ်း ဆီသပ်ပေးပါ။
၂။ ပြီနောက် ပဲအမဲအနှစ်ထည့်ပြီ ရောမွှေလိုက်ပါ။
၃။ ထို့နောက် မီးပိတ်လိုက်ပြီ (၀က်နံရိုး၊ ဆီသပ်ထားတဲ့ ပဲအမဲအနှစ်၊ ခရုဆီ၊ ပဲငံပြာရည်၊ ဟင်းခတ်မှုန့်၊ ဆန်ဝိုင်၊ ကော်မှုန့်၊ နှမ်းဆီ၊ ငရုတ်ကောင်းမှုန့်၊ သကြား) တို့ကို သမအောင်ေ၇ာနုယ်ပြီ နာရီဝက်ခန့် နုပ်ထားပေးပါ။
၎။ နုပ်ပြီလျှင် Pressure Cooker ထည့်၊ ရေ ခွက်(၄ပုံ၃ပုံ) ထည့် နာရီဝက်ခန့် အရိုးပါ နူအိသည်အထိ အဖုံးအုပ်ကာ တည်ထားပေးပါ။
၅။ ၀က်နံရိုးရပြီဆိုလျှင် ခေါက်ဆွဲပြုတ်ပါမည်။ ဒယ်အိုးထဲ ရေများများထည့်ပြီ ပွက်ပွက်ဆူအောင် တည်ထားပါ။
၆။ ဆူလာလျှင် ဂျုံခေါက်ဆွဲများထည့်ပြီ ကျက်သည်အထိ ၄မိနစ်ခန့် တည်ထားပြီ ဇကာဖြင့် ပြန်ဆယ်ထားပါ။
၎။ အရင်ဆုံး ပန်းကန်ထဲ ဂျုံခေါက်ဆွဲ၊ မုန်ညှင်းတို့ ထည့်ပါ။
၅။ ပြီမှ နံရိုးပေါင်း၊ နံရိုးပေါင်းချက်ထားတဲ့ ဆော့ရည်၊ ဆမ်းပြီ အရသာရှိစွာ နံရိုးပေါင်း ခေါက်ဆွဲကို သုံးဆောင်နိုင်ပါပြီ…
မှတ်ချက် ။ ။ နံရိုးပေါင်း pressure cooker ချက်ရာတွင် ရေကျန်ပါက၊ ဒယ်ထဲ ထည့်ပြီ ရေတ၀က် ခန်းသည်အထိ ပြန်တည်ပေးပါ။
Credit; Wutyee Food House
--------------------------------------
- (အရှေ့သို့) ငါးခူ အုန်းနို့ဟင်း ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..
- (အနောကျသို့) တလာဗီးယား ငါးကင်နှင့် မရမ်းပြားဆော့ ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..