ငါးစီဖောင်း ပဲငပိဟင်း
ငါးစီဖောင်း ပဲငပိဟင်း ငါးစီဖောင်းကို အသုတ်အနေနဲ့၊ ဟင်းချိုအနေနဲ့ စားကြပါတယ်။ ဟင်းချက်ပြီး စားရင်လည်း အလွန်ကောင်းပါတယ်။ စိမ့်စိမ့်လေးနဲ့ စားလို့ကောင်းပါတယ်။ ဒီဟင်းက ကျွန်မ လန်ဒန်မှာ ကတည်းက ချက်ထားတဲ့ဟင်း ဖြစ်တာကြောင့် ကျွန်မကတော့ ငါးစီ ဖောင်းကို အခြောက်လေးတွေကို ပြုတ်ပြီးသုံးရပါတယ်။
ပါဝင် ပစ္စည်းများ
-ငါးစီဖောင်း ၃ဝဝ ဂရမ်
– ကြက်သွန်နီ (၁) လုံး
– ကြက်သွန်ဖြူ ၂ မြွှာ
-ဂျင်း လက်တစ်ဆစ်
-ငရုတ်ကောင်း ဇွန်းဝက် (အချိုဇွန်း)
-ငရုတ်သီးအနီတောင့် (၁ တောင့်) အနီအစား၊ အစိမ်းလည်းသုံးလို့ရပါတယ်။ စပ်ရင်ရပါပြီ။
-ခရမ်းချဉ်သီး (၁) လုံး
-ပဲငပိဆော့စ် (၁) ဇွန်း (စားပွဲဇွန်း)
ငါးစီဖောင်းလေးများကို ပြုတ်ထားပေးပါ။ ရေစစ်အောင် ညှစ်ထုတ်ထားပေး ပါ။ ကြက်သွန်နီကို ခပ်ကြမ်းကြမ်း အတုံးလေးများဖြစ်အောင် လှီးထားပါ။ အဖြူ ကိုတော့ ဓားပြားရိုက်ထားပေးပါ။ ဂျင်းကို ပါးပါးပြားပြားလေးများ လှီးပေးပါ။ ငရုတ်သီးကို ပါးပါးလှီးကာ သေးသေးနုပ်နုပ်လေးများ လှီးထားပါ။ ခရမ်းချဉ်သီးကို အတုံးလေးများ လှီး ထားပါ။
ဒယ်တစ်လုံးထဲမှာ ဆီကိုပူနေအောင် ထည့်ပါ။ အငွေ့ထွက်သည် ပူလာရင် ကြက်သွန်များ၊ ဂျင်းများကို ငါးစီဖောင်းများနဲ့အတူ ထည့်ပြီးကြော်ပါ။
၂ မိနစ်အကြာမှာ ပဲငပိဆော့စ်ထည့်မွှေပါ။ ခရမ်းချဉ်သီး ငရုတ်သီးစိမ်းများလည်း ရောမွှေပေးပါ။
ရေနွေး၊ ဆား၊ အသားမှုန့်စတာတွေကို လိုအပ်သလို ထည့်နိုင်ပါတယ်။ ရှာလကာရည် (သို့) ရှောက် ရည် (သို့) သံပုရာစတဲ့ အချဉ်တစ်မျိုးမျိုးကို နောက်ဆုံးပါထည့်ပြီး။ ငရုတ်ကောင်း နောက် ဆုံးဖြူးပေးပြီး ထမင်းပူပူဖြင့် သုံးဆောင်နိုင်သလို အေးတဲ့ရာသီမှာ အိမ်ဦးနတ်အတွက် အမြည်းတစ်ခွက်လည်း ဖြစ်စေပါတယ်။
Credit;Danuphyu Daw Saw Yee (London)
--------------------------------------
- (အရှေ့သို့) အတန်းပညာမှာ မထူးချွန်ပေမယ့် အောင်မြင်ထင်ရှားသူ တချို့အကြောင်း (၁) Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection I Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းJAVA leaning Myanmar (PDF)ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲ
- (အနောကျသို့) ပုဇွန်ဆိတ်ငပိချက် (အိုးကြီးချက်) Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection I Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းJAVA leaning Myanmar (PDF)ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲ