အောင်မြင်ချင်းအတူတူ
မိုက်ကယ် ဆွင်းဆန်းသည် ရေကူးနှစ်သက် သူဖြစ်သည်။ ညနေကျောင်းဆင် ချိန်တိုင်းတွင် ရေကူးကန်သို့သွား သည်။ တစ်ပတ်ပြီး တစ်ပတ် မနားတမ်း ကူးတတ် သူလည်းဖြစ်သည်။ ရေကူးမှုနှစ် အတန်ကြာလာသည့် အခါတွင် သူမည်မျှစွမ်းဆောင်နိုင်ကြောင်း မှတ်ကျောက် အတင်ခံကြည့် လိုစိတ်တွေပေါ် လာသည်။ ငါဘယ်လောက် စွမ်းဆောင်နိုင်ကြောင်း ငါကိုယ်တိုင် သတ်မှတ်၍ မရပေ။
မိုက်ကယ်သည် တစ်နေ့တွင် ရေကူးပြိုင်ပွဲသို့ ဝင်ရန် ဆုံးဖြတ်လိုက်သည်။ ဒေသဆိုင် ရာရေကူးပြိုင်ပွဲကို ကျင်းပမည်ဖြစ်ကြောင်း ယမန်နေ့က သတင်းစာများတွင် သူတွေ့လိုက်ရသည်။ မိုက်ကယ်သည် စာရင်း သွင်းလိုက်ပြီး ဆက်လက်လေ့ကျင့်နေသည်။ ပြိုင်ပွဲသည် ကန်ဖြတ် ၁၀ မိုင် ရေကူးပြိုင်ပွဲဖြစ်သည်။ လေးပတ်ခန့် မနားမနေလေ့ကျင့် အပြီးတွင် မိုက်ကယ်သည် ပြိုင်ပွဲဝင်ရန် အသင့်ဖြစ်နေသည်။
နောက်ဆုံးတွင် ပြိုင်ပွဲနေ့သို့ရောက် လာပြီဖြစ်သည်။ ပြိုင်ပွဲဝင်သူပေါင်း ရာနှင့်ချီပြီးရှိနေကြောင်း သူအံ့ဩစွာတွေ့ လိုက်ရသည်။ ကန်ပတ်လည်တွင်လည်း အားပေးသူထောင်နှင့် ချီပြီးရှိနေသည်။
ညွှန်ကြားချက်များဖတ်ပြပြီးနောက် ရေကူးပြိုင်ပွဲဝင်မည့်သူများ တန်းစီလိုက်ကြသည်။ သေနတ်ဖောက်လိုက် သည်နှင့် ပြိုင်ပွဲစတင်တော့သည်။ မိုက်ကယ်သည် သူလေ့ကျင့်ထားသည့်အတိုင်း အားထုတ်ပြီး မဆုတ်မနစ် ကြိုးပမ်းသည်။ ငါးမိုင်ဟူ၍ပြထားသည့် အမှတ်အသားအထိ မိုက်ကယ်ကဦးဆောင်နေသည်။ ထိုအချိန်တွင် အနည်းငယ် မောပန်းနွမ်းနယ်မှုဖြစ်လာသည်။ ပင်ပန်းခြင်းသည် ကျွန်တော်တို့ကို သူရဲဘောကြောင်စေသည်။ မဖြစ်နိုင်တော့ဘူးဆိုသည့် လက်လျှော့ချင်စိတ်တွေ မိုက်ကယ်စိတ်ထဲသို့ဝင်လာသည်။ ငါဘာကြောင့် ဒီလို လုပ်ရတာလဲ။ မတတ်နိုင်တော့ဘူး။ ဒီတစ်ကြိမ်တော့နေပါစေ။ နောက်တစ်ကြိမ်မှ ကြိုးစားတော့မယ်ဆိုသည့် လက်လျှော့လိုစိတ်တွေဝင်လာသည်။
မိုက်ကယ့်စိတ်တွင် သံသယတွေဝင်ပြီး တွေဝေနေချိန်တွင် သူ့နောက်က ဒုတိယနေရာမှလိုက်နေသည့်သူက ၈ မိုင်ဟုပြထားသည့် အမှတ်အသားနေရာသို့ရောက်ရန် ကိုက် ၁၀၀ ခန့်သာကွာတော့သည်။ မိုက်ကယ်သည် မခံချင်စိတ်ပေါ်သွားပြီး အပြင်းအထန် ကူးတော့သည်။ ချက်ချင်းအောင်ပွဲခံချင်သည့်စိတ်တွေဝင်လာပြီး ကြိုးစား အားထုတ်လိုက်သည်။ ၉ မိုင်ဟု အမှတ်အသားပြထားသည့်နေရာတွင် သူ့နောက်မှ လိုက်နေသူနှင့် ကိုက် ၃၀ ခန့်သာကွာတော့သည်။ သူအတော်လေးကြိုးစားမှဖြစ်တော့မည်။
ပန်းတိုင်သို့ ၅ ကိုက်အကွာတွင် နောက်မှလိုက်လာသူက သူ့ကိုကျော်တက်ပြီး ပန်းဝင်သွားသည်။ ပန်းဝင်လာသူ နှစ်ဦးစလုံး သဲပြင်ပေါ်တွင် ပက်လက်လှန်ပြီး မောဟိုက်နေကြသည်။ ထိုအချိန်တွင် ထူးထူး ဆန်းဆန်းအဖြစ်အပျက်တစ်ခုပေါ်လာ သည်။ စောင့်ကြည့်အားပေးနေသူ များသည် ပထမပန်းဝင်သူကို သာမန် လောက်ချီးကျူးနှုတ်ဆက်ပြီး မိုက်ကယ့်ထံသို့ပြေးလာကြ သည်။ ဘာကြောင့်သူ့ထံသို့လာနေကြကြောင်း သူ သဘော မပေါက်။ သူက နိုင်သူမဟုတ်။
ထိုအချိန်တွင် လူအုပ်ထဲမှ မိန်းမအသံတစ်သံထွက်လာသည်။ "ဒီလူကနိုင်သူလည်းမဟုတ်ဘဲ ဘာဖြစ်လို့ အားပေးဂုဏ်ပြုနေကြတာလဲ" ဟူ၍ဖြစ်သည်။
လူတစ်ယောက်ကနောက်လှည့်ပြီး ပြန်ပြောလိုက်သည်မှာ
"တကယ်လို့ မိုက်ကယ်မှာ လက်နှစ်ဖက်စလုံးသာရှိရင် ဒီပွဲကို အသာလေးနိုင်မှာ" ဟူ၍ဖြစ်သည်။
(Why You Win and Why You Lose)
၁၅.၅.၂၀၁၅

https://www.facebook.com/tin.nyunt.338?fref=nf
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ကျောင်းကောင်းဆိုတာ ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..
- (အနောကျသို့) အမှားကြောက်ရောဂါ ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..