မြောက်ကိုးရီးယားနိုင်ငံမှာ တရားမဝင်ဘူးလို့ သတ်မှတ်ထားတဲ့ ကျွန်ုပ်တို့ နေ့စဉ်လုပ်နေတဲ့ အရာ (၁၀) ခု
ကိုယ့်ကိုယ်ကို ကံကောင်းတယ်လို့ မှတ်ယူလိုက်ပါ။ အနည်းဆုံးတော့ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ အတူ သောက်စားနေလို့ ရတယ်။ ပျင်းတဲ့အချိန် တီဗွီကြည့်လို့ ရတယ်။ နောက်ပြီး အိပ်ခန်းထဲ ကိုယ်ကြိုက်တဲ့ သီချင်းတချို့ကို နားထောင်ပြီး ပေါက်ကွဲလို့ ရတယ်။ ဘာလို့လဲဆိုတော့ ဒါတွေအားလုံးက မြောက်ကိုရီးယားနိုင်ငံမှာ တရားမဝင် ဖြစ်နေလို့ပါပဲ။
၁။ အရက်သေစာ သောက်စားခြင်း
၂၀၁၃ ခုနှစ်မှာ မြောက်ကိုရီးယား စစ်တပ်အရာရှိ တစ်ဦးဟာ ရက်ပေါင်း ၁၀၀ ကြာ ဝမ်းနည်းကြေကွဲခြင်း အထိမ်းအမှတ်လုပ်နေစဉ်အတွင်း အရက်သေစာသောက်စားပြီး ကွယ်လွန်သွားပြီးဖြစ်တဲ့ Kim Jong-il ကို မလေး မစားပြုခြင်းကြောင့် ကွပ်မျက်ခံ ခဲ့ရပါတယ်။
၂။ ရုပ်မြင်သံကြားကြည့်ရှုခြင်း
တောင်ကိုရီးယား ရုပ်မြင်သံကြား တင်ဆက်မှုတွေ ကြည့်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့နှစ်က လူ အယောက် ၈၀ ကို အများရှေ့မှာ ကွပ်မျက်ခဲ့တယ်လို့ သိရတယ်။ အဲ့ဒီလို သေဒဏ်ပေးတာကို ကလေးတွေ အပါအဝင် လူ ၁၀,၀၀၀ ကို အာဏာပိုင်တွေက မဖြစ်မနေကြည့်ရှုစေ ခဲ့ပါတယ်။
၃။ ယာဉ်မောင်းခြင်း
အစိုးရ အရာရှိတွေသာ ကားပိုင်ဆိုင်ခွင့် ရှိတယ်။ မြောက်ကိုရီးယားမှာ လူအယောက် ၁၀၀ မှာ တစ်ယောက်မျှသာ ကားပိုင်ကြောင်း ခန့်မှန်းထားပါတယ်။
၎။ သီချင်းနားထောင်ခြင်း
Kim Jong-un ဘယ်လောက်ကောင်းကြောင်း သီချင်းကလွဲရင် ဒီလူတွေအဖို့ Taylor Swift တို့ ဘာတို့ ဆိုတာ မရှိပါဘူး။
၅။ ရေမြေခြားက လူတွေနဲ့ အဆက်အသွယ်ပြုခြင်း
မြောက်ကိုရီးယားနိုင်ငံ ပြင်ပက တစ်စုံတစ်ယောက်ဆီ ဖုန်းခေါ်တာ သင့်အသက် သေဆုံးဖို့သာ ဖြစ်စေပါလိမ့်မယ်။
၂၀၀၇ ခုနှစ်က လူတစ်ယောက်ဟာ နိုင်ငံတကာ ဖုန်းခေါ်မှုတွေပြုလို့ အားကစားကွင်း တစ်ခုအတွင်း သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။
၆။ ထင်မြင်ချက်ပေးခြင်း
စစ်အစိုးရကို ဝေဖန်သူမှန်သမျှ ပညာပေးစခန်း (educational camp) သို့ ပို့ခံရတယ်။
၇။ နိုင်ငံခြားထွက်ခြင်း
တောင်ကိုရီးယားကို အားလပ်ရပ်ခရီး တစ်ခေါက်လောက် ထွက်ဖို့ စဉ်းတောင် မစဉ်းစား မိလိုက်ပါနဲ့။ လိုက်လံ ဖမ်းဆီးခံရပါလိမ့်မယ်။
၈။ ဘာသာတရား ကိုးကွယ်ယုံကြည်ခြင်း
လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ပြုဖို့ မြောက်ကိုရီးယား အခိုင်အမာ ဆိုထားပေမယ့် သမ္မာကျမ်းဖြန့်ဝေနေတဲ့ ခရစ်ယာန်အမျိုးသမီးတစ်ဦး ရာဇဝတ်မှုနဲ့ အများရှေ့မှာ ကွပ်မျက်ခံခဲ့ရပါတယ်။
၉။ ညစ်ညမ်းခွေကြည့်ရှုခြင်း
အပြာကားကြည့်ရှု၊ ရောင်းချတာတွေ့ရင် သေဒဏ်အပြစ်ပေးပါတယ်။
၁၀။ အင်တာနက်သုံးခြင်း
မြောက်ကိုရီးယားမှာ world wide web (www.) မရှိပါဘူး။ အဲဒီအစား အစိုးရပိုင် ဝါဒဖြန့် portal တစ်ခုသာ ရှိတယ်။
Ref: Metro

Trend Myanmar
http://www.trend.com.mm/2015/05/15/lifestyle-6614
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ဆီးခ်ိဳေရာဂါ ရှင်များအတွက် အကောင်းဆုံး အသီးအနှံများ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးSamsung Multipackage Firmware Collection I Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းJAVA leaning Myanmar (PDF)ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲ
- (အနောကျသို့) Heat Stroke အဖြစ်များနေ ကာကွယ်မနှေး အထူးသတိပေး စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးSamsung Multipackage Firmware Collection I Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းJAVA leaning Myanmar (PDF)ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲ