သတ္တိခဲ...

စုံတွဲတစ်တွဲဟာ အပန်းဖြေခရီးအတွင်း သွားဆရာဝန်နဲ့တွေ့ဖို့ အကြောင်းပေါ်လာတယ်။

"သွားနှုတ်ချင်လို့ပါ ဆရာ..." အမျိုးသမီးက ပြောလိုက်တယ်။ "အရေးကြီးနေလို့ ထုံဆေးတွေဘာတွေ မထိုးနဲ့တော့ ဆရာ... မြန်နိုင်သမျှ မြန်မြန်လေးသာ နှုတ်ပေးပါ..."

သွားဆရာဝန်က အတော်လေးသဘောကျသွားပြီး...

"ခင်ဗျားက အတော်သတ္တိကောင်းတဲ့ အမျိုးသမီးပဲ... ကဲ! ပြော ဘယ်တစ်ချောင်း နှုတ်မှာလဲ..."

ဒီအခါ အမျိုးသမီးက ယောကျ်ားဘက် လှည့်ပြီး...

“ပြလိုက်လေ ယောကျ်ား... ရှင် နှုတ်မယ့်သွားကို..."

"ငင့်..."

😁😁😄😄😀😀😆😆

✌️

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...