တိုက်တိုက်ဆိုင်ဆိုင်...

အမျိုးသားသုံးယောက် ဘားဆိုင်တစ်ခုမှာ အရက်သောက်ရင်း သူတို့ဇနီးသည်တွေ တိုက်ဆိုင်မှု ဖြစ်တဲ့အကြောင်း ပြောဆိုနေကြတယ်...

ပထမလူ... "ကျုပ်မိန်းမလေ သူမီးဖွားခါနီး 'မြို့နှစ်မြို့ပုံပြင်' စာအုပ်ကို ဖတ်နေတာ မွေးလာတော့ အမွှာပူးလေး မွေးတယ်ဗျာ..."

"ဒါ ရယ်စရာပဲ..." ဒုတိယလူက မှတ်ချက်ပေးလိုက်ပြီး.. "ကျုပ်ဇနီးကတော့ဗျာ 'သေနတ်ကိုင် စစ်သားသုံးယောက်' အကြောင်း ဖတ်လိုက်တာ မွေးလာတော့ သုံးမွှာပူးလေးဗျ..."

တတိယလူ...“အိုးး! ဒါဆိုရင် ကျုပ် အိမ်ကိုအမြန်ပြန်မှ ဖြစ်မယ်..." ​​လို့ အော်ပြောလိုက်ပြီး ဘာဖြစ်လို့လဲလို့ သူ့ကို ဝိုင်းမေးတဲ့အခါ...

"ကျုပ် အိမ်ကနေ ထွက်လာတော့ ကျုပ်မိန်းမ 'အလီဘာဘာနဲ့ ခိုးသားလေးဆယ်' အကြောင်း စာအုပ်ကို ဖတ်နေတယ်ဗျ......"

😁😁😅😅😆😆


ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...