ရဲစွမ်းသတ္တိ...

တစ်ခါတုန်းက ရွာခွေးတွေ မြို့တစ်မြို့ကို ဖြတ်သန်းသွားကြတယ်။ ပျော်ရွှင်စွာနဲ့ သွားလာနေကြချိန် မြို့ခွေးတွေက သူတို့ကိုပြင်းပြင်းထန်ထန် ရန်မူတိုက်ခိုက်ကြတယ်။

ရွာခွေးတွေ အမြီးတွေကုတ်ပြီး ထိတ်လန့်ကြောက်ရွံ့နေကြတယ်။ ဒါပေမယ့် သူတို့ထဲက တစ်ကောင်က သူရဲဘောကြောင်မနေဘူး။ ထွက်ပြေးမယ့်အစား သတ္တိရှိတဲ့ ခွေးတစ်ချို့ကို စုစည်းလိုက်တယ်။ ဒီနောက် မြို့ခွေးတွေဘက် လှည့်လိုက်တယ်။ ကြောက်မက်ဖွယ်ရာ အသံတွေနဲ့ မာန်ဖီလိုက်ပြီး မြို့ခွေးတွေကို ရင်ဆိုင်တိုက်ခိုက်ဖို့ အသင့်ရှိကြောင်း ပြလိုက်တယ်။

ရွာခွေးတွေရဲ့ ရဲရင့်တဲ့ လုပ်ရပ်ကြောင့် မြို့ခွေးတွေ ကြောက်လန့်သွားပြီး ရှေ့မတိုးရဲကြတော့ဘူး။ ဒါပေမဲ့ သူတို့ အချိန်အကြာကြီးရပ်ပြီး မာန်ဖီနေကြတယ်။ နောက်ဆုံးမှာတော့ မြို့ခွေးတွေဟာ ရဲရင့်တဲ့ ရွာခွေးတွေကို ဘယ်လိုမှ မတားဆီးနိုင်တာကို သိလိုက်တယ်။ အဲဒီနောက် မြို့ခွေးအားလုံး တစ်ကောင်ပြီးတစ်ကောင် နောက်ဆုတ်သွားကြတယ်.....။


ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...