ပညာရှိတရားသူကြီး...

ကလေးပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး အငြင်းပွားရန်ဖြစ်နေတဲ့ အမျိုးသမီးနှစ်ဦး တရားရုံးရှေ့မှောက် ရောက်လာတယ်။

သူတို့နှစ်ဦးစလုံးက ကလေးရဲ့ မိခင်တွေဖြစ်ကြောင်း အတင်းအကျပ် ပြောနေဆိုကြတယ်။
အမျိုးသမီးတစ်ဦး...

“တရားသူကြီးမင်းရှင်! ကျမဟာ ကလေးရဲ့ မိခင်ပါ...”

အခြားအမျိုးသမီး...

“တရာသူကြီးမင်းရှင်! သူပြောတာကို မယုံပါနဲ့... ကျမသာ ကလေးမိခင်အစစ်ပါ..."

တရားသူကြီးလည်း စိတ်ရှုပ်ထွေးလာတယ်။ ခဏအကြာ အလေးအနက် စဉ်းစားပြီးတဲ့နောက် သူက...

“ကောင်းပြီလေ... ဒါဆိုရင် ကလေးကို နှစ်ပိုင်းပိုင်းပြီး တစ်ယောက်တစ်ပိုင်းစီ အညီအမျှ ခွဲပေးဝေမယ်..." လို့ ဆုံးဖြတ်လိုက်တယ်။

ဒီအချိန် အမျိုးသမီးတစ်ယောက်က တိတ်ဆိတ်ငြိမ်သက်နေတယ်။

အခြားအမျိုးသမီးတစ်ယောက်ကတော့ ငိုယိုပြီး “ကလေးကို​တော့ နှစ်ပိုင်းမပိုင်းပါနဲ့ တရားသူကြီးမင်းရယ်... ဒီအမျိုးသမီးကိုပဲ ပေးလိုက်ပါတော့..." လို့ ပြောလိုက်တယ်။
တရားသူကြီးက ငိုယိုနေတဲ့ အမျိုးသမီးကို မိခင်ဖြစ်ခွင့်ပေးဖို့ ဆုံးဖြတ်ချက် ချလိုက်တယ်......။

Moral of the Story : Truth Always Triumphs.


ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...