စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်...


ကျွန်တော်တို့ဘဝတလျောက်မှာ စိတ်ဖိစီးမှုဆိုတာ တကွေ့မဟုတ် တကွေ့ကြုံရမည့်အရာပဲ ဖြစ်ပါတယ်။ စိတ်ဖိစီးလာတဲ့အခါ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊အိမ်ထောင်ရေး စတဲ့ နယ်ပယ်ပေါင်းစုံမှာ စွမ်းဆောင်ရည်တွေ ကျဆင်းလာပါတယ်။ 

ဒါ့ကြောင့် စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် နည်းလမ်းလေးတွေ မျှဝေပေးလိုက်ပါတယ်။

(၁) ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။
တက်တက်ကြွကြွ ကိုယ်လက်လှုပ်ရှားမှုလုပ်လိုက်တဲ့အခါ လူဟာ နေလို့ထိုင်လို့ ပိုကောင်းလာပါတယ်။

(၂) မိမိစိတ်ကို ထိန်းချုပ်နိုင်အောင် ကြိုးစားပါ။
မိမိကိုယ်ကို သတိရှိရှိနဲ့ ထိန်းချုပ်နိုင်အောင် ကြိုးစားရမှာဖြစ်ပါတယ်။ မိမိကိုယ်ကိုသတိရှိလာခြင်းဟာဖြင့် ပြသနာထဲ တဝဲလည်လည် မဖြစ်ပဲ Solutionsတွေကိုပဲ အာရုံ စိုက်လာနိုင်ပါလိမ့်မယ်။ (Meditation လုပ်ခြင်းအားဖြင့် မိမိစိတ်ကို သိရှိလာပြီး ထိန်းကျောင်းတတ်လာပါလိမ့်မယ်။)

(၃) လူတွေနဲ့ ပေါင်းသင်းဆက်ဆံပါ။ 
သူငယ်ချင်းမိတ်ဆွေတွေနဲ့ Activities တွေ ပူးပေါင်းပါဝင်ခြင်းက မိမိရဲ့ Stress တွေကိုလျော့ကျစေသလို သူတို့တွေစီကလည်း အကူညီကောင်းတွေ ရနိုင်ပါတယ်။

(၄) မိမိဝါသနာပါတာ၊ ပျော်ရွှင်တာတွေကို လုပ်ဖို့ အချိန်ပေးပါ။ ဒါကတော့ လူအများ မလုပ်မိကြတဲ့ အရာဖြစ်ပါတယ်။ ဂရုစိုက်ပြီး အချိန်ပေးဖို့လိုပါတယ်။

(၅) မိမိကိုယ်ကို ဒီ့ထက်တိုးတက်ရမည်ဟု စိန်ခေါ်ပါ။
စဉ်ဆက်မပြတ်တိုးတက်ရမည်ဟုမိမိကိုယ်ကို သံဓိဌာန်ချကာ လေ့လာခြင်းဖြင့် ကြုံလာမည့်လောကဓံကို ကြံ့ကြံ့ခံ ရင်ဆိုင်လာနိုင်ပါလိမ့်မယ်။

(၆) မကောင်းတဲ့နဂိုအမူအကျင့်ဟောင်းတွေကို ရှောင်ရှားပါ။
အရင်က Stress ပိတဲ့အခါ လုပ်လေ့ရှိတဲ့ အမူအကျင့်တွေကို လေ့လာစမ်းစစ်ပြီး မိမိအတွက် အကျိုးမရှိတဲ့ အမူအကျင့်တွေ လုပ်နေမိပြီဆိုရင် အမြန်ဆုံး ရပ်ပစ်ပါ။

(၇) တခြားသူတွေကို အားပေးကူညီပါ။
မိမိထက်အကူညီလိုအပ်နေတဲ့သူတွေကို အားပေးကူညီခြင်းအားဖြင့် မိမိကိုယ်တိုင် ပျော်ရွှင်အေးချမ်းကာ Stressတွေကို ပိုမိုကျော်ဖြတ်လာနိုင်ပါလိမ့်မယ်။

(၈) အလုပ်ကို စနစ်စကျ အစီစဉ်ချပြီးလုပ်ပါ။
ဦးစားပေး အရေးကြီးတဲ့အလုပ်တွေကို Planချပြီး တစ်ဆင့်ခြင်း လုပ်ဆောင်ခြင်းအားဖြင့် စိတ်ဖိစီးမှုလျော့ကျလာသလို အလုပ်လဲ ပိုမိုပြီးမြောက် လာပါလိမ့်မယ်။

(၉) အပြုသဘောဆောင်တဲ့ စိတ်ထားမွေးမြူပါ။
အခက်ခဲပြသနာကနေ မိမိဘဝအတွက် အကျိုးရှိတာကို ရွေးချယ်ပြီး သင်ခန်းစာယူတတ်အောင် ကြိုးစားပါ။ မကောင်းတာတွေ၊ မရှိတာတွေပဲ ရွေးချယ်တွေးတောခံစားနေမယ့်အစား ကောင်းတာတွေကို ရွေးချယ်ပြီး တွေးတောခံစား၍ လုပ်ဆောင်ပါ။ နေ့စဉ် မိမိမှုရှိနေတဲ့ ကျန်းမာမှု၊ အောင်မြင်မှု၊ ပြည့်စုံမှုတွေကို ခံစားပြီး ကျေးဇူးတင်(Gratitude လုပ်) ပါ။

(၁၀) ကိုယ်မစွမ်းဆောင်နိုင်တာတွေကို လက်ခံလိုက်ပါ။
လောကမှာ ကိုယ့်လက်ရှိအခြေနေနဲ့ မစွမ်းနိုင်တာ အများကြီးရှိပါတယ်။ ကိုယ်မလုပ်နိုင်တာဆိုရင် ထိုင်စိတ်ညစ်မနေပဲကိုယ်ဘာလုပ်နိုင်သလဲဆိုတာပဲ ပြောင်းတွေးပါ။ လူတိုင်းက အရာရာတိုင်းကို မစွမ်းဆောင်နိုင်ပါဘူး။

အနှစ်ချုပ်အနေနဲ့ တင်ပြရရင်.....
"လောကမှာ မဖြေရှင်းနိုင်တဲ့ ပြသနာဆိုတာ ဘာမှမရှိပါဘူး။ သင် မဖြေရှင်းနိုင်သေးတာပဲ ရှိပါတယ်။"

Soe Lin Tun
Professional Hypnotist

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...