ကမ္ဘာ့အသက်အငယ်ဆုံး ဆေးလိပ်သမား....



ဒါကတော့ တရုတ်နိုင်ငံက အသက် (၂)နှစ်အရွယ် ကမ္ဘာ့အသက်အငယ်ဆုံး ဆေးလိပ်သမား Tong Liangliang ဖြစ်ပါတယ်...

ဒီကလေးငယ်ကို ဖခင်ဖြစ်သူက ဆေးလိပ်သောက် သင်ပေးခဲ့တာဖြစ်ပြီး...ဆေးလိပ်သောက်ခြင်းဟာ ကလေးငယ်မှာရှိနေတဲ့ အူကျနာရောဂါကြောင့် ဖြစ်စေတဲ့ နာကျင်မှုတွေကို လျော့နည်းသက် သာစေတယ်လို့ ဖခင်ဖြစ်သူက ယုံကြည်ထားလို့ ဖြစ်ပါတယ်...

ခွဲစိတ်ကုသဖို့အတွက် အသက်အရွယ်အလွန်ငယ်သေးတဲ့အတွက် ဒီနည်းလမ်းကို ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်... 

Tong ဟာ တနေ့ကို စီးကရက် (၁)ဗူးသောက်ပြီး...အဲဒီလိုမှ မသောက်ရရင် ဒေါသူပုန်ထတယ်လို့ ဆိုပါတယ်...

တနေ့တခြား စီကရက်တွေ ပိုပြီးသောက်သုံးလာတဲ့ သားဖြစ်သူရဲ့ ဆေးလိပ်စွဲနေတဲ့ အလေ့အထကို ဖခင်ဖြစ်သူက သတိမပြုမိခဲ့ဘူးလို့ တရုတ်ရေဒီယိုသတင်းတွေက ဆိုပါတယ်...

Tong ဟာ ၁၈ လအရွယ်မှာ ပထမဆုံး စီးကရက်ကို စတင်သောက်သုံးခဲ့တာဖြစ်ပါတယ်...

ဘေးအန္တရာယ်အလွန်းများတဲ့ အလေ့အထတစ်ခုဖြစ်တာကြောင့် ဂရင်းနစ်မှတ်တမ်းဝင်ဖို့ အလားအလာ အလွန်နည်းပါတယ်...

ကိုးကား....news.com.au/lovedesire

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...