Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုး

သမီးက ကိုယ်ဝန် ၇ လရှိပါပြီ။ ကိုယ်ဝန် စရှိတုန်းကတော့ အလုပ်တစ်ဖက်နဲ့ဆိုတော့ ဆရာဝန်က Susten 100 ကို မနက်တစ်လုံး ညတစ်လုံး သောက်ခိုင်းပါတယ်။ အခု ကိုယ်ဝန် ၇ လရှိပြီဆိုတော့ အလုပ်နား လိုက်ပါပြီ။ ဆရာဝန်က Susten ကို ဆက်သောက်ခိုင်းပါတယ်။ အဲဒါ Susten သောက်ရင် ဆိုးကျိုးတွေ ဖြစ်နိုင်ပါလားရှင့်။
• Susten ဆိုတာ Progesterone (ပရိုဂျက်စတီရုန်း) ဟော်မုန်းဆေးဖြစ်တယ်။ သန္ဓေသားကို သားအိမ် အတွင်းနံရံမှာ လာပြီး တွယ်ကပ်စေဘို့ရာမှာ အကူအညီပေးပါတယ်။ တနည်းအားဖြင့် ကိုယ်ဝန်မြဲစေဘို့ သုံးရတာပါ။ သန္ဓေသားကပ်ပြီးတဲ့နောက်မှာလဲ အချင်းကနေ (ပရိုဂျက်စတီရုန်း) ကို လုံလောက်အောင် ထုတ်လာနိုင်တဲ့အချိန်ထိ ဆက်လုပ်ပေးနေပါမယ်။ ကလေးမွေးပြီးတာနဲ့ အချင်းကနေ (ပရိုဂျက်စတီရုန်) မထုတ်တော့ပါ။
• Susten Gel နဲ့ Susten 100mg injection ထိုးဆေးရှိတယ်။
• ကိုယ်ဝန်ဆောင်နေတုံးမှာ ဒီဟော်မုန်းက (အီစထိုဂျင်) ဟော်မုန်းနဲ့ တွဲပြီး ကူညီပါတယ်။
• Endometrium သားအိမ်အတွင်းနံရံကို သန္ဓေသားကပ်ဘို့ အဆင်သင့်ဖြစ်စေမယ်။
• Placenta အချင်းကိုလဲ အလုပ်အတွက်ကူတယ်။
• Uterus သားအိမ်ကိုလဲ လှုပ်ရှားမှုဖြစ်မလာစေအောင် တားပေးသေးတယ်။
• Breast နို့ကိုလဲ ထွားလာစေမယ်။
• Lactation နို့ရည်လဲ မမွေးမချင်း ထွက်မလာစေအောင်လုပ်တယ်။
• Mucus သားအိမ်အဝမှာရှိတဲ့ အချွဲကိုအားပေးလို့ အပြင်ကနေ ရောဂါပိုး ဝင်မလာစေနိုင်ဘူး။
• Pelvic walls တင်ပါးဆုံတွင်းနံရံကိုလဲ မွေးတဲ့အခါအတွက် အဆင်သင့် လုပ်ပေးမယ်။
• ဘယ်မှာသုံးမလဲ
- Fertility treatment (IVF) or GIFT ကလေးမရနိုင်သူတွေကို ဆေးအဖြစ် ဒီဟော်မုန်းပေးတယ်။
- Recurrent miscarriage ကိုယ်ဝန်ပျက်တတ်သူတွေ၊
- Amenorrhoea ရာသီမလာဘဲနေသူတွေ၊
- Abnormal uterine bleeding သွေးပုံမှန်မဟုတ်ဘဲဆင်းနေသူတွေ၊
- Palliative treatment of advanced, inoperable endometrial carcinoma သားအိမ်ကင်တာ နောက်ပိုင်းအဆင့် ရောက်နေသူတွေအတွက် သုံးပါတယ်။
• ဘေးထွက်-ဆိုးကျိုးများ = ဝမ်းမမှန်ဖြစ်၊ အစာပိုစာချင်၊ ကိုယ်အလေးချိန်တိုး၊ တချို့မှာ ကျ၊ ကိုယ်ရောင်၊ ဝက်ခြံပေါက်၊ အရေပြားအနီကွက်ထွက်၊ စိတ်ကျ၊ ရင်သားအနေရခက်၊ ချောင်းဆိုး၊ အသက်ရှူခက်။
• Carbamazepine ဆေး၊ Phenytoin ဆေးနဲ့ Ciclosporinဆေးတွေနဲ့ တွဲမပေးသင့်ပါ။
ဒေါက်တာတင့်ဆွေ
၃၁-၃-၂ဝ၁၄
- (အရှေ့သို့) Acer Aspire E1-510P-2671 Laptop Review လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Cytotec (Misoprostol) ဆေးသုံးနည်းJAVA leaning Myanmar (PDF)
- (အနောကျသို့) လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Cytotec (Misoprostol) ဆေးသုံးနည်းJAVA leaning Myanmar (PDF)