Asexuality...
လိင်တူ ဆက်ဆံသူ (Homosexuality)၊ လိင်ကွဲ (Heterosexuality) နဲ့နှစ်မျိုး (bisexuality) ဆိုတဲ့ ဒီသုံးမျိုးအပြင် ဘာစိတ်ညာစိတ်မှ မရှိသူတွေလည်း ရှိပါတယ်။ asexuality သို့မဟုတ် စတုတ္ထမြောက် လိင်စိတ် လို့ ခေါ်ပါတယ်။
ရှေးရှေးက ပုံပြင်တွေထဲမှာ ဗြဟ္မာဘုံကနေ လူအဖြစ် ၀င်စားလာသူများဟာ လိင်စိတ်ရယ်လို့ မရှိဘဲ နေနိုင် တယ်လို့ ကြားခဲ့ဖူးပါတယ်။ သူတို့ တတွေကို အဗြဟ္မာစရိယ ကျင့်သူများလို့ ခေါ်ပါသတဲ့။ အခုခေတ် မှာလဲ ဒီလို လူတွေ ရှိနေကြ ပါတယ်။ ဟုတ်ကဲ့။ နောက် တစ်ခါ သင့်ရဲ့ရည်းစားအသစ်က (သို့မဟုတ်) အခန်းဖော်အသစ်က အပြာကားတွေ မကြိုက်ပါဘူးဆိုရင် ယုံလိုက်ပါတော့။ ဇာတ်တော်တွေ၊ နိပါတ်တွေ၊ ပုံပြင်တွေထဲမှာ မဟုတ်ဘဲ လိင်မှုကိစ္စတွေမှာ ဘာစိတ်ဝင် စားမှုမှမရှိတဲ့ သူတွေ ဒီခေတ်မှာ ရှိပါတယ်။

ရှေးရှေးက ပုံပြင်တွေထဲမှာ ဗြဟ္မာဘုံကနေ လူအဖြစ် ၀င်စားလာသူများဟာ လိင်စိတ်ရယ်လို့ မရှိဘဲ နေနိုင် တယ်လို့ ကြားခဲ့ဖူးပါတယ်။ သူတို့ တတွေကို အဗြဟ္မာစရိယ ကျင့်သူများလို့ ခေါ်ပါသတဲ့။ အခုခေတ် မှာလဲ ဒီလို လူတွေ ရှိနေကြ ပါတယ်။ ဟုတ်ကဲ့။ နောက် တစ်ခါ သင့်ရဲ့ရည်းစားအသစ်က (သို့မဟုတ်) အခန်းဖော်အသစ်က အပြာကားတွေ မကြိုက်ပါဘူးဆိုရင် ယုံလိုက်ပါတော့။ ဇာတ်တော်တွေ၊ နိပါတ်တွေ၊ ပုံပြင်တွေထဲမှာ မဟုတ်ဘဲ လိင်မှုကိစ္စတွေမှာ ဘာစိတ်ဝင် စားမှုမှမရှိတဲ့ သူတွေ ဒီခေတ်မှာ ရှိပါတယ်။

ကျွန်တော်တို့ဟာ များသော အားဖြင့် လိင်တူ ဆက်ဆံသူ (Homosexuality)၊ လိင်ကွဲ ဆက်ဆံသူ (Heterosexuality) နဲ့နှစ်မျိုး ဆက်ဆံသူ (bisexuality) ဆိုပြီး ရှိတယ်လို့ သိထား ကြပါတယ်။ နောက်ပိုင်း နှစ်များ မှာတော့ အဲ့ဒီသုံးမျိုး အပြင် ဘာစိတ် ညာစိတ်မှ မရှိသူတွေ ရှိနေ သေးကြောင်း ပညာရှင် တွေက တွေ့ရှိခဲ့ ပါတယ်။ ဒါကို asexuality သို့မဟုတ် စတုတ္ထမြောက် လိင်စိတ်လို့ ခေါ်ပါတယ်။ ဒီ asexuality ဆိုတာဟာ လိင်တူတဲ့ သူတွေ အပေါ်မှာ ပဲဖြစ်ဖြစ်၊ လိင်ကွဲသူတွေ အပေါ်မှာ ပဲဖြစ်ဖြစ်၊ လိင်မှုဆိုင်ရာ ခံစားချက် လုံးဝမရှိတာ ဒါမှမဟုတ် နည်းနေတာမျိုးကို ခေါ်တာပါ။ ဒီလူတွေဟာ ဆေးဝါးအရ၊ ကျန်းမာရေး အရ၊ ဘာသာရေးအရ လိင်ပိုင်းဆိုင်ရာ တားမြစ်ချက် ရှိသူတွေနဲ့ လုံးဝကို ကွာခြားပါတယ်။ နောက်တစ်ခု ကတော့ သူတို့ တွေက ဟော်မုန်းတွေ မညီမျှမှု၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိနေတာနဲ့လည်း လုံးဝကို မသက်ဆိုင် ပါဘူး။ သူတို့ဟာ သာမန်လူ တွေပဲ ဖြစ်ကြ ပါတယ်။ သာမန်လူ တွေလိုပဲ ချစ်တတ်၊ ခံစား နားလည်တတ် သူများပါပဲ။ တစ်ခုပဲ ကွာခြားနေတာက သူတို့စိတ်ထဲမှာ လိင်ကိစ္စဆိုတာ သဘာဝ ဖြစ်ရိုးဖြစ်စဉ် တစ်ခုသာ ဖြစ်ပြီး တခြားသူ တစ်ယောက်ယောက်က လှုံဆော်ပေးတဲ့ အချိန်မှာ ဘယ်လိုမှ မနေတာမျိုး ဖြစ်ပါတယ်။

ဒါပေမယ့် တချို့ asexual တွေကတော့ ကလေး လိုချင်လို့ ဒါမှမဟုတ် သူတို့ရဲ့ အဖော် ချစ်သူကို စိတ်ချမ်း မြေ့ စေချင်လို့ စတဲ့ အကြောင်းပြ ချက်တွေကြောင့် လိင်မှု ကိစ္စကို ပြုလုပ် ကြပါတယ်။ Asexual Visibility and Education Network (AVEN) ကတော့ asexual ဆိုတာ လိင်ပိုင်း ဆိုင်ရာ ဆွဲဆောင်မှု ဆိုတာကို မခံစား ရတဲ့သူမျိုးလို့ အဓိပ္ပါယ် ဖွင့်ပါတယ်။ ဒါဟာ ပန်းသေတာ၊ လိင်စိတ် ကုန်ခမ်းတာ မျိုးနဲ့တော့ လုံးဝကို ကွာခြား ပါတယ်။ asexual တွေဟာ ဆေးပညာ အရ ဒါမှမဟုတ် လူမှုရေး အရ ချို့ယွင်းချက် မရှိပါဘူး။ စိတ်ဖိစီးမှု များလို့ ဒါမှမဟုတ် ကြောက်ရွံလို့ စတဲ့ ခံစားချက် တွေကြောင့်လဲ မဟုတ်ပါဘူး။ ဒီလိင်စိတ် မရှိတဲ့ လူသား တွေဟာ သူတို့ရဲ့ အမူအကျင့် ဆိုင်ရာ ရွေးချယ်မှု (behavioral choice) သာဖြစ်ပြီး ကုသ လို့ ရတဲ့ ချို့ယွင်းချက် (disorder) မဟုတ်ပါဘူး။ တချို့ asexual လူသား တွေဟာ တစ်ကိုယ်ရည် အာသာ ဖြေမှု ဒါမှမဟုတ် ချစ်သူနဲ့ လိင်ဆက်ဆံ မှုများ လုပ်တတ် ကြပါတယ်။ ဒါပေမဲ့ ဒါဟာ သူတို့ အတွက်တော့ စပ်စုချင် စိတ်ရယ် ထွက်မြောက် လိုစိတ် စတာ တွေနဲ့ လုပ်ကြတာ ဖြစ်ပြီး သာယာမှုကို မခံစား ရပါဘူး။

ဒီ asexuality နဲ့ပတ်သက်ပြီး scientific research လောကမှာ လုံးဝကို အသစ် ဖြစ်နေပါ သေးတယ်။ တချို့ ပညာရှင် တွေက လက်ခံပြီး တချို့တွေက လက်မခံ နိုင်သေးပါဘူး။ ဒါပေမဲ့ ၂၀၀၄ ခုနစ်မှာ လုပ်ထား တဲ့ သုတေသန တစ်ခုရဲ့ ဖော်ပြချက်မှာ asexuality လူစားတွေရဲ့ ပမာဏဟာ ၁ရာခိုင်နှုန်း လောက် ရှိတယ်လို့ ဖော်ပြ ခဲ့ပါတယ်။ ဒီလို ပညာရှင် ပိုင်းမှာ ၀ိဝါဒ ကွဲပြားနေ သေးပေမယ့် ၂၁ရာစု အစမှာ သူတို့ကိုယ် သူတို့ Asexual တွေပါလို့ လက်ခံ ထားတဲ့ လူတွေ ပေါ်လာပါတယ်။ ၂၀၀၁ ခုနစ်မှာတော့ American asexuality activist တစ်ဦး ဖြစ်သူ David Jay က The Asexual Visibility and Education Network (AVEN) ကိုတည် ထောင်ပြီး Asexual တွေအကြောင်း လူထုက ပိုသိလာ လက်ခံ လာဖို့နဲ့ သူတို့ အသိုင်း အ၀ိုင်း ပိုကျယ်ပြန့် လာဖို့ ရည်ရွယ် ခဲ့ပါတယ်။ ၂၀၀၉ မှာတော့ American pride parade မှာ Asexual တွေပထမဆုံး စီတန်း လမ်းလျှောက် ပါဝင်ခဲ့ ပါတယ်။ တခြားသော gay, lesbian တွေလိုပဲ လူနည်းစု asexual တွေဟာလည်း ခွဲခြား ဆက်ဆံခြင်း ခံခဲ့ရ ပါတယ်။ လိင်တူ၊ လိင်ကွဲ ဆက်ဆံကြသူ နှစ်မျိုးလုံး ကနေ ပြီးတော့ asexual တွေကို အေးစက်သူ၊ လူသား မဆန်သူ တွေအဖြစ် စွပ်စွဲတတ် ကြပါတယ်။ တချို့နေရာ တွေမှာ Asexual လူမျိုးကို မုန်းတီးလို့ မုဒိမ်းကျင့် တာမျိုး တွေတောင် ရှိပါတယ်။

နိဂုံးချုပ် အနေနဲ့ ကတော့ Asexual ဆိုတာ celibacy တွေလို လိင်မှုကိစ္စကို ထိန်းချုပ်ခြင်း ခံရသူ မဟုတ်ပါ ဘူး။ သူတို့ ကိုယ်တိုင်ကိုက ဘာစိတ် ညာစိတ် မရှိတာပါ။ celibacy တွေက စိတ်ရှိနေ ပေမယ့် ထိန်းချုပ် ထား သူတွေပါ။ Asexual တွေဟာ gay တွေ les တွေလဲ မဟုတ် ကြပါဘူး။ လိင်တူ တာကော၊ လိင်ကွဲ တာကောမှာ လုံးဝ လိင်ပိုင်း ဆိုင်ရာ သာယာမှု မရှိပါဘူး။ Asexual တွေဟာ သူတို့ လိင်စိတ်ကို သူတို့ ဘာသာ ထိန်းချုပ် ထားတာ မျိုးလည်း မဟုတ်ပါဘူး။ လူတစ် ယောက်ဟာ Asexual အဖြစ် မွေးလာတယ် ဆိုရင် တစ်သက်လုံး Asexual ပဲဖြစ်သွား ပါတယ်။ ကုသလို့ မရသလို ပြောင်းလဲ လို့လည်း မရဘူးလို့တော့ ပြောကြ ပါတယ်။ ခဏ တာတော့ ပြောင်းလဲ သွားနိုင် ပေမယ့် ဒုံရင်းကို ပြန်ရောက် သွားတတ် ကြပါတယ်။

သူတို့ဟာ အေးစက်သူတွေ မဟုတ်ကြပါဘူး။ မိသားစု ဆွေမျိုးသားချင်းနဲ့ သူငယ်ချင်းတွေအပေါ် ခင်တွယ်မှု ရှိပါတယ်။ ပြီးတော့ သူတို့ဟာ သာမန် အားဖြင့် ပွေ့ဖက်တာ စတဲ့ သာမန် နွေးထွေးတဲ့ အပြုအမူတွေကို OK ကြပါတယ်။ Asexual တွေဟာ သူတို့ လိင်စိတ် မရှိမှုကို သူတို့ဘာသာ လက်ခံပြီး ပျော်ရွှင် ကြပါတယ်။ သာမန် လူသား တစ်ဦးရဲ့ အပြုအမူ တွေဟာ asexual ဖြစ်နေ တာကြောင့် မပြောင်းလဲ သွားပါဘူး။ ပုံမှန်အားဖြင့် လူတစ်ယောက်ကို အပြင်ပန်း ကြည့်ရုံနဲ့ asexual ဟုတ်သလား မဟုတ်သလား ဆုံးဖြတ်လို့ မရပါဘူး။ နောက်ဆုံး တစ်ချက်ကတော့ Asexual တွေဟာ လိင်ပိုင်းဆိုင်ရာ ညှင်းပမ်းနှိပ်စက် ခံရမှုများနဲ့ မသက်ဆိုင် တတ်ပါဘူး။ ဘာလို့ သူတို့ Asexual ဖြစ်လာရသလဲ ဆိုတာ အတွက် အကြောင်းပြချက် မရှိပါဘူး။ ကဲသင်လဲ Asexual ဟုတ်သလား မဟုတ်သလား စမ်းသပ် ချင်တယ် ဆိုရင် ဒီလင့်မှာ အပျော်တမ်း Test လေးနဲ့ စမ်းသပ် နိုင်ပါတယ်။ Okcupidtest
Images from http://www.rippdemup.com/, dailymail, manilovefilms, Source - Asexuality, Wikihow, Wikipedia
Author: Mai Shine
MYMC
- (အရှေ့သို့) အမေရိကန်နိုင်ငံက Homeless တယောက် ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..
- (အနောကျသို့) Mom Charged With Murder For His Son's Death... ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..