မယ်ကမ္ဘာပြိုင်ပွဲ ဖိလစ်ပိုင်မယ်အနိုင်ရ
၂၀၁၃ ခုနှစ် မယ်ကမ္ဘာဆုဆွတ်ခူးခဲ့သူ ဖိလစ်ပိုင်အလှမယ် Megan Young (လယ်)၊ ဒုတိယ ပြင်သစ်သူ Marine Lorpheline (ဝဲ)၊ တတိယ Ghana Carranza Naa Okailey Shooter (ယာ) (စက်တင်ဘာ ၂၈၊ ၂၀၁၃)
၂၀၁၃ ခုနှစ်မယ်ကမ္ဘာကို ဖိလစ်ပိုင်နိုင်ငံက Megan Young က ရရှိသွား ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ အကြမ်းဖက်သမားတွေ တိုက်ခိုက်မယ့် အန္တရာယ်ရှိတယ်လို့ သံရုံးတွေက သတိပေးချက် ထုတ်ပြန် ထားသလို သီတင်းပတ်နဲ့ချီ ဆန္ဒပြမှုတွေရှိခဲ့တဲ့ကြားက မယ်ကမ္ဘာ ရွေးပွဲကို ဒီကနေ့
ကျင်းပတာဖြစ်ပါတယ်။
တင်းကြပ်တဲ့ လုံခြုံရေးတွေကြားမှာ ကျင်းပခဲ့တဲ့ မယ်ကမ္ဘာရွေးချယ်ပွဲကို နိုင်ငံပေါင်း ၁၂၇ နိုင်ငံက မယ်တွေ ပါဝင် ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဒီပွဲကို ဂျကာတာမြို့တော်မှာ ကျင်းပဖို့ မူလကစီစဉ်ထားပေမဲ့ လုံခြုံရေးကြောင့် ဟိန္ဒူအများစုဖြစ်တဲ့ ဘာလီကျွန်းမှာ ပြောင်းရွှေ့ကျင်းပတာဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ မွတ်ဆလင်အများဆုံးဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ မယ်ကမ္ဘာရွေးပွဲ ကျင်းပမှာကို အစွန်းရောက် အစ္စလာမ်ဝါဒီတွေက ကန့်ကွက်နေကြပါတယ်။ မယ်တွေရဲ့ ကိုယ်ကာယ ကြံ့ခိုင်မှုအမှတ်ပေးနိုင် ဖို့ ရေကူးဝတ်စုံတွေ ဝတ်ပြိုင်ရတာနဲ့ ကိုယ်ကြပ်ပွဲတက် ဝတ်စုံတွေဝတ်ပြိုင်ကြတာဟာ မွတ်ဆလင်နိုင်ငံကို
စော်ကားသလိုဖြစ်တယ်လို့ ကန့်ကွက်နေသူတွေက ပြောပါတယ်။
ဘာလီကျွန်းမှာ မယ်ရွေးပွဲကို ပြောင်းပြီး ကျင်းပပေမဲ့ မွတ်ဆလင် အစွန်းရောက်တွေက ပွဲဖျက်နိုင်တယ် ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ Australia၊ ဗြိတိန်နဲ့ အမေရိကန် သံရုံးတွကလည်း ပြိုင်ပွဲကာ လအတွင်း ဘာလီကျွန်းမှာ အကြီးအကျယ် ဆန္ဒပြပွဲတွေ၊တိုက်ခိုက်မှု အန္တရာယ်တွေ ရှိနိုင်တယ်လို့ သူ့တို့နိုင်ငံသားတွေကို ခရီးသွားသတိ ထုတ်ပြန်ထားပါတယ်၊
ဗွီအိုအေ (မြန်မာဌာန)
28.09.2013
- (အရှေ့သို့) Diprosopus... ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..
- (အနောကျသို့) ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် တက္ကသိုလ်များမှ ၀င်ခွင့်ပြုမည့် အနိမ့်ဆုံး ၀င်ခွင့်ပြုရမှတ် သတ်မှတ်ချက်များနှင့် ၀င်ခွင့်ပြု ဦးရေများအား စိစစ်နေ ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..