HIV-AIDS မေးခွန်းများ...

• ဘယ်နည်းလမ်းတွေကနေ ကူးစက်သလဲ
Blood သွေး၊ semen ယောက်ျားလိင်ဆက်ဆံစဉ်မှာထွက်တဲ့အရည်၊ vaginal secretions မိန်းမ ဗဂျိုင်းနာအရည်နဲ့ breast milk နို့ရည်တွေကနေတဆင့် ကူးစက်တယ်။ အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်းဟာ အများဆုံးကူးစက်နည်းဖြစ်တယ်။
• သွေးကနေ ဘာလို့ကူးသလဲ
ဗိုင်းရပ်အမျိုးအစားက လူတကိုယ်လုံးမှာ နေရာရွေးတယ်။ HIV viruses တွေ ကိုယ်ထဲဝင်လာတာနဲ့ မျိုးပွါးဘို့လုပ်တယ်။ အရေအတွက်များလာချိန်မှာ WBC သွေးဖြူဥတွေကိုလဲ တိုက်ခိုက်တယ်။ သွေးဖြူဥဆိုတာ ကိုယ့်ရဲ့ ကိုယ်ပိုင်စစ်သားတွေ ဖြစ်လို့ ဗိုင်းရပ်စ်တွေကတိုက်ခိုက်တာခံရပြီး နည်းလာတာနဲ့ ကိုယ့်ခုခံအားတွေကျဆင်းလာတယ်။ တော်တော်တန်တန် ရောဂါ ဥပမာ အအေးမိတာ၊ ဝမ်းလျှောတာမျိုးကအစ မခံနိုင်ဖြစ်လာတယ်။
• သွားရည်-တံတွေး-မျက်ရည်တွေကနေ ကူသလား
မကူးပါ။ အဲတာတွေထဲမှာ ဗိုင်းရပ်စ် အရေအတွက် နည်းလို့ဖြစ်ပါတယ်။
• လိင်ဆက်ဆံရာကနေ မတော်တဆ ဆီးစပ်မွှေး ပါးစပ်ထဲဝင်ရင် ကူးစက်နိုင်သလား
မကူးစက်ပါ။ ပိုးတွေက ရှင်နေဘို့ ကိုယ်ခန္ဓာထဲကအရည်လိုအပ်တယ်။
• လိင်ဆက်ဆံရာမှာ ပါးစပ်သုံးတာကို ခံယူသူကို ကူစက်သလား
ကူးစက်နိုင်ပါတယ်။ မျိုမချပေမဲ့လဲ ကူးစက်နိုင်တယ်။ ဒါပေမဲ့ ပြုလုပ်ပေးသူမှာ ပါစပ်နေရာအနီးအနားမယ် အနာ၊ ဒဏ်ရာ၊ သွား-သွားဖုံးရောဂါ ရှိနေမှသာ ကူးစက်နိုင်တယ်။ (ကွန်ွးမ်) သုံးရင် ကာကွယ်နိုင်တယ်။ မပါရင် အနည်းဆုံးတော့ (စီမင်) ကို မျိုမချပါနဲ့။ ပါးစပ်သုံးလို့ ဒီပိုးကူးစက်နိုင်တဲ့ ရာခိုင်နှုန်းက လိင်အင်္ဂါကိုအသုံးပြုတာထက် အတော်ကြီးနည်းပါးတယ်။
• နှုပ်ခမ်းခြင်း နမ်းစုပ်ရာကနေ ကူးသလား
ဝ့၁% သာကူးစက်တယ်လို့ ပြောနိုင်တယ်။
• တံတွေး မျက်စိထဲဝင်ရင် ကူးသလား
မကူးစက်လောက်ပါ။ (ဘီ) ပိုးကတော့ ကူးစက်နိုင်တယ်။
• ယောက်ျးလိင်အရည် မျက်စိထဲဝင်ရင် ကူးသလား။
ကူးစက်နိုင်တယ်။
• အသက်ရှူရာကနေ ကူးသလား။
မကူးစက်ပါ။
• ခြင်ကနေကူးသလား။
မကူးစက်ပါ။ ခြင်ရဲ့ကိုယ်က ပိုးအတွက် အေးလွန်းတယ်။
• ဆီး (သေး) ကနေကူးသလား
မကူးပါ။ ဒါပေမဲ့ ဆီးထဲမှာ သွေးပါနေရင် မပြောနိုင်ပါ။
ဒေါက်တာတင့်ဆွေ
၂၇-၉-၂ဝ၁၃
- (အရှေ့သို့) iOS 7.0.2 Untethered Jailbrake (Fake...) JAVA leaning Myanmar (PDF) ဘန္နီၿဖိဳး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်...
- (အနောက်သို့) How to live with HIV positive person အတူနေမယ် မကူးစေရ JAVA leaning Myanmar (PDF) ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်...