Sea Game မတိုင်ခင် Mobile Banking စနစ်အသုံးပြုနိုင်မည်
Mon,09/30/2013 - 13:50
Myanmar Payment Union (MPU) အဖွဲ့ဝင်ဘဏ်များသည် Mobile Banking စနစ်ကို အသုံးပြုခွင့်ပေး နိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်နေကြပြီး လာမည့်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (Sea Game) မတိုင်ခင် အဆိုပါစနစ်ကို အသုံးပြုခွင့် ပေးသွားမည်ဟု သိရသည်။
“CB Bank အနေနဲ့ Mobile Banking ကို အသင့်ဖြစ်နေပါပြီ။ ဗဟိုဘဏ်ခွင့်ပြုပေးဖို့ပဲ လိုတော့တာပါ။ Sea Game အမီတော့ အသုံးပြုလို့ရမှာပါ” ဟု CB Bank မှ တာဝန်ရှိသူက ပြောသည်။ ၎င်းအနေဖြင့်
မည်သည့်ပုံစံမျိုးဖြင့် Mobile Banking စနစ်က အသုံးပြုခွင့်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းမရှိ ပေ။
Mobile Banking အသုံးပြုခွင့်ပေးရာ၌ GSM ၊ WCDMA စသည်ဖြင့် မိုဘိုင်းဖုန်းမျိုးစုံ အသုံးပြုနိုင်
မည်ြဖစ်ကြောင်း၊ လိုင်းကောင်းမွန်သည့် မိုဘိုင်းဖုန်းလိုင်းအနေဖြင့် Mobile Banking စနစ်ကို ပိုမိုအဆင်ပြေစွာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း CB Bank မှ တာဝန်ရှိသူက ပြောသည်။
Mobile Banking စနစ်သည် ကျေးလက်ဒေသများအတွက် အဓိကရည်ရွယ်ဆောင်ရွက်ထားခြင်းဖြစ်ပြီး MPU အဖွဲ့ဝင်ဘဏ်ပေါင်း ၁၇ ဘဏ်မှ အဆိုပါစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ် သည်။ ငွေကြေးဆိုင်ရာများ မိုဘိုင်းဖုန်းပေါ်မှတစ်ဆင့် လွှဲပြောင်းလုပ်ကိုင်နိုင်မည့် Mobile Banking စနစ်ကို ဗဟိုဘဏ်မှ မည်သည့်အချိန်တွင် ခွင့်ပြုပေးမည်ဟု မသိရသေးပေ။
Internet Journal
အတွဲ (၁၄)၊ အမှတ် (၃၈)

- (အရှေ့သို့) အိပ်ရေးပျက်ခြင်းနှင့် နောက်ဆက်တွဲပြဿနာများ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable...
- (အနောကျသို့) အဆုတ်ကင်ဆာရှိမရှိကို အသက်ရှူစမ်းသပ်နည်းတစ်ခုဖြင့် သိစေနိုင် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable...