Enlarged testicle ကျား အစိကြီးနေခြင်း (+18)

Fri, Sep 27, 2013 at 3:36 PM
ကျတော့် ဝှေးစေ့နှစ်လုံးမှာ ဘယ်ဘက်ဝှေးစေ့က ညာဘက်ဝှေးစေ့ထက် ကျတော်အထင် လေးဆလောက် ပိုကြီးမယ် ထင်ပါတယ်။ အဲဒါဘာကြောင့်ပါလဲဆရာ။ တခြားယောက်ကျားလေးတွေလည်း အဲလိုပဲလား။ ကျတော် ဝှေးစေ့ ပုံမှန်မဖြစ်တာလား။ ပုံမှန်မဟုတ်ဘူးဆို ဘယ်လိုလုပ်သင့်ပါသလဲ။ ဆရာဝန်ကို သွားပြရ မှာ ရှက်နေလို့ပါ။ ဒါပေမယ့် တကယ်လိုအပ်နေတယ်ဆိုရင် သွားပြပါမယ်။ တကယ်လိုအပ်လား၊ မလိုအပ် လား ဝှေးစေ့ပုံစံကို မခွဲခြားတတ်လို့ပါ။
ကျား အစိကြီးနေတာမှာ (၁) Swelling ကြီး-ရောင်နေတာ၊ (၂) Lump အကျိတ်-အလုံးဖြစ်တာနဲ့ (၃) Cyst အရည်အောင်း အလုံး တခုခု ဖြစ်နိုင်တယ်။ ထိခိုက်မိလို့၊ ပိုးဝင်လို့နဲ့ ရောင်ရမ်းခြင်းတွေကြောင့် ဖြစ်တာက များတယ်။
ဒဏ်ရာကြောင့်က အများဆုံးဖြစ်ပါတယ်။ တဖက်တည်းရော နှစ်ဖက်လုံးပါ ဖြစ်နိုင်တယ်။ ကြီးနေတာက (၁) တကယ့်အစိ၊ (၂) တခြား (တစ်ရှူး) နဲ့ (၃) အရည်အောင်းအကျိတ်ကနေ ဖြစ်စေနိုင်တယ်။ တချို့မှာ နာမယ်။ တချို့ ဖျားမယ်။ တချို့မှာ ဘယ်လိုမှ မခံစားရဘူး။ Testicular cancer ကင်ဆာကတော့ ရှားပါတယ်။ ဒါဖြစ်ရင် မနာဘူး။ ပိုးဝင်တာမှာလဲ Epididymis အကြောနဲ့ Testes အစိမှာ ဖြစ်တယ်။
စာရင်းချရေးရရင် -
• Cancer of the testicle ကင်ဆာ (မနာဘူး၊ အသက်ကြီးမှဖြစ်တယ်)၊
• Epididymitis အကျောရောင်ခြင်း (နာမယ်၊ သုတ်ပိုးတွေကို အစိတွေကနေ အကျောဆီကို သယ်ဆောင်ပေးတဲ့ အစေ့အထက်က ခွေနေတဲ့ အကြောရောင်တာ ဖြစ်တယ်)၊
• Hydrocele မုတ်ရောဂါနဲ့ခွဲ ခြားရမယ် (မနာဘူး၊ ကြာလေကြီးနေဖြစ်မယ်)၊
• Inguinal hernia အူကျတာနဲ့ ခွဲခြားရမယ် (အိပ်လိုက်ရင် ပြန်ဝင်မယ်)၊
• Mumps (မမ့်) ဂျိုက်သိုးရောဂါနဲ့ဆက်ဖြစ်တာ (လည်ပင်းမှာလဲ ရောင်မယ်၊ ဖျားမယ်)၊
• Orchitis တကယ့် အစိရောင်တာ (နာတယ်၊ ဖျားနိုင်တယ်)၊
• Scrotal sac infection အစိအိတ်ရောင်တာ (နာတယ်၊ ဖျားနိုင်တယ်)၊
• Spermatocele (စပမ်မက်တိုဆီးလ်) ကပ်ပယ်အိပ်ထဲ အိတ်ဖြစ်တာ၊
• Testicular torsion အစိလိန်တာ၊ (အရေးပေါ်ဖြစ်တယ်။ အသက်ကိုပါ ရန်ရှာနိုင်တယ်။ အရင်းနေရာမှာ လိန်နေလို့ သူ့ဆီသွားမဲ့သွေးကြောတွေကို ညှစ်ထားခံရတာမို့ သွေးမလျှောက်နိုင် ဖြစ်လာမယ်။)
• Trauma or injury ထိခိုက်မိတာ (ငယ်တုံးဖြစ်ပြီး နာတာပျောက်ပေမဲ့ ကြိးနေတာ ကျန်နိုင်တယ်။)
• Varicocele (ဗေရီကိုဆီးလ်) သွေးပြန်ကြောထုံး (ဖေါင်း)၊ (အောင့်သက်သက်နာ၊ လေးနေတယ်လို့ ခံစား၊ ကိုင်ကြည်ရင် အထဲမှာ တီကောင်တွေလိုလို ထင်ရ) တာတွေ ဖြစ်ပါတယ်။
အစိကြီးနေရင် ဆက်ဖြစ်ကောင်းဖြစ်လာနိုင်တာတွေ ရှိတယ်။
• Infarction of the testicular tissue အစိနဲ့ဆိုင်ရာနေရာတွေဆီ သွေးကြောပိတ်တာ၊
• Infertility ကလေးမရနိုင်တာ၊
• Scrotal abscess ပြည်တည်နာဖြစ်တာ၊
• Spread of cancer ကင်ဆာ သူ့ဆီကိုပြန့်လာတာ၊
• Spread of infection ရောဂါပိုး ပြန့်တာ နဲ့
• Testicle removal အစိထုတ်ပြစ်ရတာတွေဖြစ်နိုင်တယ်။
ဒေါက်တာတင့်ဆွေ
၃ဝ-၉-၂ဝ၁၃
- (အရှေ့သို့) အေဝးသင္တကၠသုိလ္မ်ား၏ ဘာသာရပ်အလိုက် ဝင်ခွင့်ရရှိမှုများ အောက်တိုဘာလတွင် ထုတ်ပြန်မည် Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) အပြုံးလှလှလေးတွေ ပိုင်ဆိုင်ကြစေချင်တယ်... Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'