Windows မှာ Data Partition တစ်ခု သီးခြားပြုလုပ်အသုံးပြုခြင်း...
Windows Install ပြုလုပ်တဲ့အခါမှာ Data Partition ပြုလုပ်ခြင်း။
သင့်ကွန်ပြူတာမှာဝင်းဒိုး Install မလုပ်ရသေးလို့ ဖြစ်ဖြစ်၊ Reinstall လုပ်တာပဲဖြစ်ဖြစ်၊ Upgrade လုပ်တာပဲဖြစ်ဖြစ် ဒီနည်းကိုသုံးနိုင်ပါတယ်။Windows 7 or Windows 8 ကိုအင်စတောလုပ်တဲ့အခါမှာ
Data Partition တစ်ခုကိုပြုလုပ်နိုင်ပါတယ်။Installation Wizard အတိုင်းပြုလုပ်ပြီး Upgrade or Custom ရွေးခိုင်းတဲ့ Wizard မှာ သင်ပြုလုပ်မယ့်အရာကိုရွေးပေးပါ။

နောက်အဆင့်မှာ Drive options (advanced) ဆိုတာကိုနှိပ်ပါ။

New button ကိုနှိပ်ပြီးကြိုက်သလောက် Partition တွေခွဲခြားနိုင်ပါတယ်။ Size ကိုလည်းသတ်မှတ်ပေး ရမှာပါ။ ပြီးရင်တော့ Windows Install လုပ်မယ့် Partition ကိုရွေးချယ်ပေးပြီး Next နှိပ်ပါ။ Windows က ရွေးချယ်ထားတဲ့ Partition မှာ အင်စတောလုပ်ပေးမှာဖြစ်ပြီး တစ်ခြား Partition တွေကို Data Partition အဖြစ်သုံးနိုင်ပါတယ်။

Windows Install လုပ်ပြီးတဲ့အခါမှာ Data Partition ပြုလုပ်ခြင်း။
အသုံးပြုနေတဲ့ ၀င်းဒိုးမှာ Partitioin အသစ်တစ်ခုပြုလုပ်ပြီး Data တွေခွဲခြားသိမ်းချင်တဲ့အခါမှာ ဒီနည်းသုံးပါ။ Windows ရဲ့  Disk Management Tool ကိုအသုံးပြုနိုင်ပါတယ်။ Windows 7 , Windows 8 မှာ Windows Key+ R ကိုနှိပ်ပြီး Diskmgmt.msc လို့ ရိုက်ပြီး Enter ခေါက်ရင် Disk Management Tool ကိုသုံးနိုင်ပါတယ်။ Disk Management Tool ကိုအသုံးပြုနည်းကတော့ Windows 7 , Windows 8 မှာတူတူပဲဖြစ်ပါတယ်။ Disk Management Tool ကိုအသုံးပြုပြီး Partition အသစ်တစ်ခုပြုလုပ်နည်းကို ရေးသားပေးထားပြီး ဒီဆောင်းပါး မှာဖတ်ရှုပါ။ဒီဆောင်းပါးမှာအသေးစိတ်ထပ်ပြီးမရေးတော့ပါဘူး။

အပေါ်ကနည်းတွေကိုအသုံးပြုပြီး သင့်ကွန်ပြူတာမှာ Data Partitioin တွေခွဲခြားသုံးနိုင်ပါပြီ။
Source: www.kothuya.com
- (အရှေ့သို့) မာမာလာ လက်ဖက်ရည်နှင့် AIDS Flibanserin အမျိုးသမီးတွေ အတွက်ဆေးCytotec (Misoprostol) ဆေးသုံးနည်းPregnancy expectation ကိုယ်ဝန်ရချင်လို့သရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDSစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်...
- (အနောက်သို့) ရွှေရောင်စမတ်ဖုန်းကို Samsung က အရင်ထုတ်ကြောင်းဆို Flibanserin အမျိုးသမီးတွေ အတွက်ဆေးCytotec (Misoprostol) ဆေးသုံးနည်းPregnancy expectation ကိုယ်ဝန်ရချင်လို့သရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDSစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်...